Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရုရှား - မြန်မာ စီးပွားရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၃၁

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ စီးပွားရေးကောင်စီ (Russian - Myanmar Business Council-RMBC)ဥက္ကဋ္ဌ Mr. Aleksei SHUPLOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁)၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအလားအလာများနှင့် လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံနယ်ပယ်စုံတွင် စီးပွားရေးလုပ်ငန်းများအချင်းချင်း တိုက်ရိုက်အဆက်အသွယ်များ ထူထောင်ရေးနှင့် မြန်မာနိုင်ငံတွင် ရုရှား-မြန်မာစီးပွားရေးကောင်စီ၏ မိတ်ဖက်အဖွဲ့အစည်း ဖွဲ့စည်းရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြ သည်။

သတင်းစဉ်