နေပြည်တော် အောက်တိုဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၃၀ ရက်နေ့က ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကာ မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲဖျက်ဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် အဆိုပါရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာများဝန်းကျင်တွင် လုံခြုံရေးဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရပြီး တရားမဝင်ပြည်ဖျက်မီဒီယာများက ဖြစ်စဉ်ဖြစ်ရပ် မှန်ကန်မှုမရှိသည့် သတင်းမှားများကို လုပ်ကြံရေးသားကာ လူမှုကွန်ရက်တွင် ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။