Skip to main content

ဘုတလင်မြို့နယ်၌ မိုးသီးနှံ နေကြာ ၅၇၁၂ ဧက စိုက်ပျိုးပြီးစီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

မုံရွာ အောက်တိုဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်၌ မိုးသီးနှံ နေကြာ ၅၇၁၂ ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ၆ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးနေကြာများ စိုက်ပျိုးရာတွင် နေကြာမျိုးများဖြစ်သည့် စပ်မျိုး - ၁၊ ဆင်းရွှေကြာ ၂၊ နေကြာမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့် ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပြီး တောင်သူလယ်သမားများ မိုး‌နေကြာစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

အဆိုပါ မိုးနေကြာများကို အောက်တိုဘာ ၁ ရက်မှ စတင်ပြီး ရိတ်သိမ်းလျက်ရှိရာ ယ‌နေ့အချိန်အထိ ၅၇၁၂ ဧကကို ရိတ်သိမ်းပြီးစီးကာ တစ်ဧက ပျမ်းမျှအထွက်နှုန်း ၂၄ ဒသမ ၃၀ တင်း ထွက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)