ရန်ကုန် အောက်တိုဘာ ၂၅
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်အသစ်ဖြစ်သော ရန်ကုန် - ပုသိမ် - ညောင်ဦး - မန္တလေးခရီးစဉ်များကို အောက်တိုဘာ ၂၇ ရက်မှစတင်၍ လေယာဉ်အချိန်များကို မွန်းလွဲပိုင်းအချိန်သို့ ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန် - ပုသိမ် - ညောင်ဦး - မန္တလေး ခရီးစဉ်ကို တနင်္ဂနွေ နေ့တွင် ရန်ကုန်မှ နံနက် ၁၁ နာရီခွဲတွင် ထွက်ခွာပြီး ပုသိမ်သို့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင်ထွက်ခွာပြီး ညောင်ဦးသို့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့ မွန်းလွဲ ၃ နာရီတွင်လည်းကောင်း၊ တနင်္လာနေ့တွင် မန္တလေး- ညောင်ဦး - ပုသိမ် - ရန်ကုန်ခရီးစဉ်များကို မန္တလေးမှ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် ထွက်ခွာပြီး ညောင်ဦးသို့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ထွက်ခွာ ပြီး ပုသိမ်သို့ ညနေ ၄ နာရီ ၅၅ မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၅ နာရီ မိနစ် ၅၀ တွင် ရောက်ရှိမည်ဖြစ်သည်။
ယင်းခရီးစဉ်အတွက် သတ်မှတ်ထားသောဈေးနှုန်းမှာ ရန်ကုန်မှ ပုသိမ်သို့ ငွေကျပ် ၁၆ဝဝဝဝ၊ ပုသိမ်မှ ညောင်ဦးသို့ ငွေကျပ် ၁၉ဝဝဝဝ၊ မန္တလေးမှ ညောင်ဦးသို့ ငွေကျပ် ၁၁ဝဝဝဝ၊ ရန်ကုန်မှ ညောင်ဦးသို့ ငွေကျပ် ၂၉၀၀၀၀၊ မန္တလေးမှ ပုသိမ်သို့ ငွေကျပ် ၃၆၀၀၀၀ သတ်မှတ်ထားပြီး ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်