နေပြည်တော် အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာများရှိ ဒေသခံများကို ပြန်ပေးဆွဲငွေညှစ်မှု၊ ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်မှုများ ပြုလုပ်နေကြောင်း၊ ကားများကိုလည်း သိမ်းဆည်းကာ စျေးနှုန်းအမျိုးမျိုးဖြင့် ပြန်ရွေးခိုင်းနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသား ထုတ်လွှင့်လျက်ရှိသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မဟုတ်မမှန် လုပ်ကြံရေးသားခြင်းသာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ခရီးသွားပြည်သူများ အေးချမ်းစွာ ခရီးသွားလာနိုင်ရေးအတွက် လုံခြုံရေးအရ စစ်ဆေးဆောင်ရွက်ခြင်းများသာ ပြုလုပ်လျက်ရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆောင်ရွက်နေမှုများအား အနှောင့်အယှက်ဖြစ်စေရန်နှင့် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းအမှားများ လုပ်ကြံရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။