နေပြည်တော် စက်တင်ဘာ ၂၄
ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ကျင်းပပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းကဌာန၊ အဖွဲ့အစည်းများနှင့် စေတနာရှင်အလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့်အလှူငွေများကို လက်ခံရယူကာ ကျေးဇူးတင်စကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ခုံရုံးအဖွဲ့ဝင်နှင့် ဝန်ထမ်းများက ငွေကျပ်သိန်း ၅၀၊ Diamond Brothers Group က ငွေကျပ်သိန်း ၅၀ စုစုပေါင်း ငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်