Skip to main content

ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၈

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသော ဒေသခံပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုမှ ငွေကျပ်သိန်း ၁၇၀၀၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ငွေကျပ်သိန်း ၇၀၊ ဦးအောင်ဇော်မြင့် - အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ သီရိပျံချီ ဒေါက်တာမြတ်မြတ်အုန်းခင် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) နှင့် သားသမီး၊ မြေးများက ငွေကျပ် သိန်း ၅၀၊ ဒေါက်တာဂျူးဂျူးဇော် (ခ) ခင်အိန္ဒြာဇော် (ခေတ္တဩစတြေးလျ) က ငွေကျပ် ၁၁ သိန်း၊ ဦးထွန်းရွှေ-ဒေါ်သင်းသင်းဆွေ မိသားစု (ထွန်းရွှေဝါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) က ငွေကျပ် သိန်း ၃၀ နှင့် တိုင်းရင်းဆေးဝါး သေတ္တာခြောက်ပုံး၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက ငွေကျပ် သိန်း ၅၀၀၊ မြန်မာနွယ်ဖွားတရုတ် လူမှုကူညီရေးပရဟိတအသင်း (နေပြည်တော်) က ငွေကျပ်သိန်း ၅၀၊ Tin Wai International Group Co.,Ltd. က ငွေကျပ်သိန်း ၃၀၊ မြန်မာကယန်းတောင်ပိုင်း ကုမ္ပဏီလီမိတက်က ငွေကျပ် ၁၀ သိန်း၊ Sky One Company က ငွေကျပ်သိန်း ၂၀၀၀ နှင့် Gan-damar Business Solutations Co.,Ltd. ဝန်ထမ်းမိသားစုက ငွေကျပ် ၂၀၇၆၀၀၀၊ ဦးအိုက် ဆန်+ဒေါ်ဖုံစု မိသားစုက ငွေကျပ် သိန်း ၃၀၀၀၊ ဦးလင်းထူး-ဒေါ်နန်းသင်းစုငြိမ်း Golden HTT Co.,Ltd. မိသားစုက ငွေကျပ်သိန်း ၅၀ စုစုပေါင်းငွေကျပ် ၇၅၂၁၇၆၀၀၀ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့အတူ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း)နှင့် ဇနီး ဒေါ်မြမြစန်း မိသားစုက အေလာ တိဏ္ဏ ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူ ၃၀၀ အတွက် နေ့လယ်စာ ထမင်းဘူး ၃၀၀ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်