နေပြည်တော် ဇူလိုင် ၂၄
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ICRC မှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် အကူအညီလိုအပ်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ICRC ဒုတိယဌာနေကိုယ်စားလှယ် Mr. Jan Miskoc တို့ တက်ရောက်ကြသည်။
သတင်းစဉ်