Skip to main content

မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၁၆      

မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Building Code - 2024) အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ရုံး အစည်းအဝေးခန်း၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက အဖွင့်အမှာစကား ပြောကြားပြီး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေး၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များက MNBC-2024 ရေးဆွဲပြုစုရေး လက်ရှိဆောင်ရွက်နေမှုနှင့် ထပ်မံဖြည့်စွက်လိုသည့်အချက်များကို လည်းကောင်း၊ လုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၄)၏ အစည်းအဝေးဆုံးဖြတ်ချက်များကို လည်းကောင်းဖတ်ကြားအတည်ပြု ဆွေးနွေးကြသည်။

ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် MNBC - 2024 ဆပ်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်စန်း၊ အဆောက်အဦဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမော်နှင့် အင်ဂျင်နီယာချုပ်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

သတင်းစဉ်