Skip to main content

ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၅

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ခန်းမဆောင်သစ် (OT Complex)သို့ ရောက်ရှိပြီး ခွဲစိတ်ခန်းသစ်များတွင် ခွဲစိတ်ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးနှင့် ဆေးရုံအုပ်ချုပ်မှုအဖွဲ့ဝင်များ၊ ပါမောက္ခ/ဌာနမှူးများနှင့် ဌာနတာဝန်ခံများ၊ သူနာပြုအုပ်ကြီးနှင့် သူနာပြုများအားတွေ့ဆုံကာ လူနာများ သက်သောင့်သက်သာ စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုများခံယူနိုင်စေရေး၊ ဆေးရုံဥပဓိရုပ်ကောင်းမွန်စေရေး၊ ဆေးရုံသုံးပစ္စည်းနှင့် ဆေးကုသမှုဆိုင်ရာ စက်ပစ္စည်းများ သန့်ရှင်းကောင်းမွန်မှုနှင့် ခေတ်နှင့်အညီဖြစ်ရေး၊ လူနာများအား ဆေးနှင့် ဆေးပစ္စည်းများ ပိုမိုပံ့ပိုးပေးနိုင်ရန်အတွက် စီမံဆောင်ရွက်ရေး၊ အတွင်းလူနာကုသမှုနှင့် အထူးကုပြင်ပလူနာကုသမှုများကို အချိန် တိုးမြှင့်ကုသပေးနိုင်ရန် ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်