ရန်ကုန် ဇူလိုင် ၁၃
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ Lao Asia Pacific Satellite Company Limited ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံရှိ ရုပ်မြင်သံကြားကဏ္ဍနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် မြန်မာ-လာအို နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးတို့အတွက် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ ရောက်ရှိစဉ် ဇူလိုင် ၁၂ ရက် နံနက်ပိုင်း၌ Laosat သို့ ရောက်ရှိရာ Laosat မှ CEO Mr Wu Fangjie နှင့်အဖွဲ့က လာအိုနိုင်ငံတွင် Laosat စတင် တည်ဆောက်ခဲ့မှုနှင့် ဆောင်ရွက်ပုံအဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းတင်ပြကြပြီး လာအိုနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံပူးပေါင်း၍ Laoset ဂြိုဟ်တု လွှင့်တင်ခဲ့မှုရုပ်မြင်သံကြား၊ ရေဒီယိုနှင့်ဒစ်ဂျစ်တယ် အစရှိသည်များ ထုတ်လွှင့်ဆောင်ရွက်သည့် နည်းစနစ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပညာရေးအပါအဝင် လူမှုအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အပြန်အလှန်ဆွေးနွေးကြသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံမှ ပြန်လည်ထွက်ခွာရာ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုက လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်