နေပြည်တော် ဇွန် ၂၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၇ ရက်မှ ဇွန် ၂၃ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၁၉ ဒသမ ၆၅၈၇ တန်၊ သစ်မာ ၃ ဒသမ ၇၉၃၆ တန်၊ အခြား ၁၄ ဒသမ ၁၈၅၃ တန် စုစုပေါင်း ၃၇ ဒသမ ၆၃၇၆ တန်၊ ယာဉ်/ ယန္တရားခြောက်စီး၊ တရားခံ ၂၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သတင်းစဉ်