Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာရှိ တန်ဖိုးမြင့်ထုတ်ကုန်လုပ်ငန်းများ ကြည့်ရှုအားပေး

နေပြည်တော် ဇွန် ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာ၌ ဖွင့်လှစ်ခဲ့သော တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်အောင်မြင်ပြီးသူများ၏ တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် သင်တန်းအောင်မြင်ပြီးသူများ၊ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ တန်ဖိုးမြင့်ထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒေသနှင့်ကိုက်ညီသော သင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းသူများ၏ တန်ဖိုးမြင့် ထုတ်ကုန်လုပ်ငန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

လက်ပံပျားကျေးရွာမှ သင်တန်းဆင်းများစုပေါင်း၍ ပြည့်ဖြိုးလေး၊ နယူးပါဝါ၊ မြAကရီ၊ ကောင်းသန့်အမှတ်တံဆိပ်တို့ဖြင့် စာလေးခွေ၊ ကောက်ညှင်းပဲပုပ်ကြော်၊ မြေပဲဂျိုးဖြူကြော်၊ မြေပဲ ဆားလှော်၊ အာလူးကြော်တို့ကို ထုတ်လုပ်ရောင်းချလျက်ရှိရာ ထုပ်ပိုးမှုနည်းစနစ် ကောင်းမွန်ရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးရန် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် ကျောက်အိုးကျေးရွာသို့သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းသို့ ဆက်သွယ်နိုင်သော ကျေးရွာအဝင်လမ်း အရှည်တစ်မိုင် ကျောက်ချောခင်းနေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံကာ ကျောက်အိုးကျေးရွာ အနေဖြင့် စက်မှုကုန်ကြမ်းသီးနှံဝါနှင့် ဆီထွက်သီးနှံ နှမ်းစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အထွက်နှုန်းတိုးရေးနှင့် အဆင့်မီဝါများရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်