နေပြည်တော် စက်တင်ဘာ ၂၁
ပခုက္ကူ ဦးအုံးဖေစာပေဆု ရန်ပုံငွေကြီးကြပ်ရေး ကော်မတီကအကြိမ်(၃၀)မြောက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုများ ယှဉ်ပြိုင်ရန် စာမူများဖိတ်ခေါ်ကြောင်း ယနေ့ကြေညာသည်။
ပခုက္ကူဦးအုံးဖေစာပေဆုအတွက် ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ ကျမ်းစာပေနှင့် သုတေသနစာပေဟူ၍ ဘာသာရပ်ငါးမျိုးတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။ သတ်မှတ်ထားသော ဘာသာရပ်တိုင်းတွင် တစ်ဦးတည်းက တစ်မျိုးစီပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။ပခုက္ကူဦးအုံးဖေ စာပေဆုအတွက် ပထမဆုငွေကျပ် ခုနစ်သိန်း၊ ဒုတိယဆု ငွေကျပ် ငါးသိန်း၊ တတိယဆု ငွေကျပ် လေးသိန်းချီးမြှင့်သွားမည် ဖြစ်သည်။
ပခုက္ကူဦးအုံးဖေစာပေဆု ဘာသာရပ်ငါးမျိုးအတွက် စာပေပြိုင်ပွဲဝင်လိုသူများသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် (သောကြာနေ့) နောက်ဆုံးထား၍ ကိုယ်ရေးရာဇဝင် အပြည့်အစုံ ဓာတ်ပုံနှစ်ပုံဖြင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် (၃၇) လမ်းနှင့်ကုန်သည်လမ်းထောင့် အမှတ်(၅၂၉-၅၃၁)ရှိ စာပေဗိမာန်သို့ ပေးပို့ရမည်ဖြစ်သည်။ နယ်မှ ပြိုင်ပွဲဝင်လိုသူများအနေဖြင့် စာတည်းမှူးချုပ် စာပေဗိမာန်အမှတ်(၅၂၉-၅၃၁) ၃၇ လမ်းနှင့်ကုန်သည်လမ်းထောင့် ကျောက်တံတားမြို့နယ် ရန်ကုန်သို့ငွေကျပ် ၁၅၀၀ ဖြင့်ပေးပို့၍ ပြိုင်ပွဲဝင်ပုံစံများနှင့် စည်းကမ်းချက်များကို မှာယူနိုင်ကြောင်း သိရသည်။
စာပေဗိမာန်