Skip to main content

ကျောက်တော်မြို့ အ.ထ.က(မြို့မ)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကျောက်တော် စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ် ‌ကျောက်တော်မြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မြို့မ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မြို့မ)ကျောင်းအုပ်ဆရာကြီး ဦးစောလှကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ‌ပြောကြားရာတွင် လူငယ်များအသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူတော်လူကောင်းများ ဖြစ်လာစေရန်၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းနှင့် ကျောင်းအုပ်ဆရာကြီး ဦးစောလှကျော်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(မြို့မ)မှ Grade- 9 ကျောင်းသူက လူငယ်နှင့်စာဖတ်ခြင်း၊ Grade- 8 ကျောင်းသား မောင်ရဲမြတ်မင်းက လူငယ်နှင့်နည်းပညာ၊ Grade- 11 ကျောင်းသူ မမြတ်ဝေလှိုင်က သင်ယူနည်းမှန်လူထူးချွန်၊ Grade- 9 ကျောင်းသား မောင်ခန့် စေလင်းက လူငယ်နှင့်အားကစား၊ Grade-8 ကျောင်းသား မောင်ဉာဏ်လင်းမောင်မောင်က မူးယစ်ဆေးဝါးနှင့် နောက်ဆက်တွဲဆိုးကျိုးများ စသောခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး လူငယ် စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူက ပြန်လည်ရှင်းလင်းပြော ကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်များနှင့်စာအုပ်စာစောင်ပြပွဲများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျောက်တော်(ပြန်/ဆက်)