နေပြည်တော် စက်တင်ဘာ ၂၁
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်သည် ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် Dr. Rashid Abdulla AL-Kuwari အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန(၂)၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ် Dr. Rashid Abdulla AL-Kuwari တို့သည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာ ချထားရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကဏ္ဍတို့တွင် ကာတာနိုင်ငံအနေဖြင့် ကူညီပံ့ပိုးပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းလာမှုအခြေအနေတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
သတင်းစဉ်