Skip to main content

ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ – ၂၀၂၃ (တက္ကသိုလ်အဆင့်) ကို Online မှ ကျင်းပသွားမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှကြီးမှူးကျင်းပမည့် ဆိုက်ဘာလုံခြုံရေး အသိပညာပေးဗီဒီယိုပြိုင်ပွဲ – ၂၀၂၃ (တက္ကသိုလ်အဆင့်)ကို Online မှတစ်ဆင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာနှင့် ပြိုင်ပွဲဝင်ဖိတ်ခေါ်ခြင်း အသေးစိတ်အချက်အလက်များကို အောက်ပါ Link တွင် Download ရယူနိုင်ကြောင်းသိရှိရပါသည်-

https://www.ncsc.gov.mm/CAVC2023_RegistrationForm.pdf

https://www.ncsc.gov.mm/CAVC2023_Announcement.pdf

ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆို၊ တတိယဆုနှင့် နှစ်သိမ့်ဆု (၂) ဆုတို့ချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပထမဆုရရှိသော Video ဖိုင်အား ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Asean – Japan Cybersecurity Awareness Video Competition - 2023 ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြုပေးပို့ ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အသေးစိတ်သိရှိလိုပါက အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၏ ဝဘ်ဆိုက် www.ncsc.gov.mm သို့လည်းကောင်း ဖုန်းနံပါတ် – ၀၆၇-၃၄၂၂၂၇၂ သို့လည်းကောင်း ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရှိရပါသည်။