လွိုင်ကော် သြဂုတ် ၁၄
ကယားပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ် အတွင်း ကိုဗစ်−၁၉ ထိန်းချုပ် ကာကွယ် တားဆီးရေး လုပ်ငန်းများအား ထိရောက်အောင်မြင်စွာ ဆောင်ရွက်လျက် ရှိပြီး စေတနာရှင်၊ အလှူရှင်များနှင့် အဖွဲ့အစည်း အသီးသီးမှ လှူဒါန်းသည့် ကိုဗစ်−၁၉ ကာကွယ်ရေးသုံး ပစ္စည်း များကိုလည်း ပြည်နယ် အတွင်း လိုအပ်သည့် နေရာများသို့ အချိန်မီ ဖြန့်ဝေ ဆောင်ရွက် ပေးလျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို သည် ဩဂုတ်လ (၁၂)ရက် နေ့ မွန်းလွဲပိုင်းက လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး နှင့် အတူ Save the Children အဖွဲ့မှ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်း (၁၃၀) ကျောင်းသို့ လှူဒါန်း သည့် ကိုဗစ်−၁၉ ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်း များအား လက်ခံ ဆောင်ရွက်ခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ် ခဲ့သည်။
လှူဒါန်းမှု အနေဖြင့် (၃၀၀) လီတာဆံ့ ရေလှောင်ကန် (၂၂၀) ကန်၊ (၁,၀၀၀) လီတာဆံ့ ရေလှောင်ကန် (၂၄) ကန်၊ လက်ဆေးစင် (၁၉၆) ခု၊ ဘေစင် (၃၉၂) ခု၊ ဆပ်ပြာခဲ (၉,၅၀၀) ခဲ၊ ဆပ်ပြာခွက် (၅၂၀) ခွက်၊ ရေဆွဲပုံး (၅၇၀) ပုံး၊ ရေခွက် (၅၃၀) ခွက်နှင့် Pipe Socket နှင့် Water Tap (၄၉၆) ခု တို့အား လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)