Skip to main content

MRTV တွင် (Cartoon Animation Graphic ) သင်တန်းဖွင့်လှစ်

နေပြည်တော်  ဇွန် ၂၂

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ပိုမို တိုးတက်ကောင်းမွန်လာစေရန်အတွက် အထောက်အကူပြုသင်တန်းအဖြစ်  ကာတွန်းအရုပ် လေးများဖြင့် တီထွင်ဆန်းသစ် ဖန်တီးမှုပြုလုပ်ရသည့် Cartoon Animation Graphic သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင် ကျင်းပသည်။

အဆိုပါသင်တန်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် အတွေးအခေါ် ဆန်းသစ်မှုများ စဉ်ဆက်မပြတ်ရရှိစေရေး၊ ပရိသတ်အား ပိုမိုဆွဲဆောင်နိုင်မည့် ချစ်စဖွယ် Cartoon အရုပ်လေးများဖြင့် ဆန်းသစ်တီထွင်ဖန်တီးမှု ပြုလုပ်ရသည့် ပြကွက်များ ထုတ်လွှင့်နိုင်ရေး  ရည်ရွယ်ချက်ဖြင့် ပို့ချခြင်းဖြစ်ပြီး ကာတွန်းရုပ်ရှင် ဖန်းတီးခြင်းများလည်း ပါဝင်သည်။ 

သင်တန်းတွင် Graphic ဆိုင်ရာ တီထွင်ဖန်တီးနိုင်သည့် ဝန်ထမ်းများကို ဦးစားပေး ရွေးချယ်တက်ရောက်စေခြင်းဖြစ်ပြီး သင်တန်းကာလမှာ ဇွန် ၂၂ ရက်မှ ၂၆ ရက်အထိ ၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)