Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ဈေးများဖွင့်လှစ်၊ ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ

နေပြည်တော် မတ် ၂၁ မန္တလေး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် CDM လှုပ်ရှားမှုကို အခြေခံ၍ ဆူပူ အကြမ်းဖက်မှုကို လိုလားသော အဖွဲ့အစည်းများနှင့် လူအုပ်စုအချို့ က ရပ်ရွာအေးချမ်းသာယာရေး နှင့်တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်လျက် ရှိသောကြောင့် ဒေသတွင်း ဆေးရုံများ၊ မီးရထားခရီးစဉ်များ၊ လေကြောင်းလိုင်းများ၊ မော်တော် ယာဉ်လိုင်းများ ရပ်ဆိုင်းခဲ့ရပြီး ဘဏ်များ၊ ဈေးများ ယာယီ ပိတ်ထားခဲ့ရသည်။ ပြန်လည်ပြေးဆွဲ ယခုအခါတွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံခန့်ခွဲမှုနှင့် လုံခြုံရေးအဖွဲ့ အစည်းများ၏ ပူးပေါင်းဆောင်ရွက် မှုများကြောင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး တည်ငြိမ်မှုအပေါ် အခြေခံ၍ ဒေသတွင်း ဆေးရုံများ ဖွင့်လှစ်ခြင်း၊ မီးရထားခရီးစဉ်များ၊ လေကြောင်းလိုင်းများ၊ မော်တော်ယာဉ်အဝေးပြေးမြို့တွင်းလိုင်းများ ပြန်လည်ပြေးဆွဲခြင်းများ ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး၊ ဒိုင်းမွန်းပလာဇာနှင့် ရတနာပုံဈေးများကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ မန်းမြို့သူ၊ မန်းမြို့သားများ၊ ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားလျက်ရှိကြောင်းနှင့် COVID-19 သတ်မှတ်ချက်များနှင့်အညီ ဈေးဝယ်၊ ဈေးရောင်းများ လုံခြုံစိတ်ချစေရေး တာဝန်ရှိသူများက စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်