Skip to main content

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ဓားဖြင့်ထိုးရန်ကြိုးပမ်း လာသဖြင့် ခြောက်လှန့်ပစ်ခတ်

နေပြည်တော် မတ် ၁၈ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မတ် ၁၆ ရက် ည ၇ နာရီ မိနစ် ၄၀ ခန့်တွင် လုံခြုံရေးလုပ်ငန်းများနှင့် လမ်းမပေါ်ရှိ အတားအဆီးများအား ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်၍ ည ၇ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်ထားမှုအား ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်ရန် Hand Speaker ဖြင့် အကြိမ်ကြိမ်ပြောဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ပြောဆိုကြေညာနေစဉ် အမှတ်(၂၅)ရပ်ကွက် မြိတ်လမ်းနှင့် စည်ပင်လမ်းဆုံ (ဂိတ်ဟောင်း မှတ်တိုင်) အရောက် အတားအဆီးများအား စက်များဖြင့် ဖယ်ရှားနေစဉ် မြိတ်လမ်းရှိ အမျိုးသား တစ်ဦးက အရိုးအသွား ၁ဝလက်မခန့်ရှိ ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များအား လာရောက်ရန်ပြုလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၁၂ ဗို့သေနတ်ဖြင့် ခြောက်လှန့်ပစ်ဖောက်ခဲ့သော်လည်း ရပ်တန့်သွားခြင်းမရှိဘဲ ၎င်းကိုင်ဆောင်ထားသည့် ဓားမြှောင်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား အတင်းဝင်ရောက် ထိုးနှက်ရန်ကြိုးပမ်း လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၁၂ ဗို့ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်တားဆီးခဲ့ရာ ၎င်းအမျိုးသားတွင် ယာဘက်ရင်ညွန့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။ အဆိုပါအကြမ်းဖက်သူ အမျိုးသားအလောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းနှင့် နယ်မြေခံရဲစခန်းမှ သေမှုသေခင်း ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်