နေပြည်တော် မတ် ၁၈
နိုင်ငံတော်အတွင်း တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကို မလိုလားသည့် လူစုလူဝေးများအနေဖြင့် မသမာသူတို့၏နောက်ကွယ်မှ သွေးထိုးစည်းရုံး လှုံ့ဆော်မှုများဖြင့် လမ်းမပေါ်သို့ လူအုပ်စုများရောက်ရှိအောင် ဆူပူအကြမ်းဖက်မှုများ မဖြစ်ဖြစ်အောင်ဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ထိပ်တိုက်ရန်ပြု၍ မင်းမဲ့စရိုက်ဆန် စွာ အကြမ်းဖက်မှုများနှင့် ရဲတပ်ဖွဲ့ စခန်းများသို့ စီးနင်းဝင်ရောက် အကြမ်းဖက် ရန်ပြုခြင်း များကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက် ၁ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၇)ရပ်ကွက် ပခုက္ကူမြို့မရဲစခန်းအတွင်းရှိ အိမ်ထောင်သည် လိုင်းခန်းအနီးသို့ အမည်မသိ အကြမ်းဖက်လူနှစ်ဦးက ပုလင်းအတွင်း ဓာတ်ဆီထည့်မီးစာတပ်မီးရှို့၍ ပစ်ပေါက် ထွက်ပြေး သွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုက်လံရှာဖွေ ဖမ်းဆီးရာ အဆိုပါ ရပ်ကွက်အတွင်းရှိ တပ်မလမ်း၌ ငြိမ်းချမ်းအောင် (ဘ) ဦးကျော်ဇင်ဌေး အသက် ၂၄ နှစ်နှင့် စိုးသီဟ (ဘ)ဦးဘိုလေး အသက် ၂၇ နှစ်တို့ နှစ်ဦးကို ဖမ်းဆီး ရမိခဲ့သည်။ အဆိုပါဖမ်းဆီးရမိ အကြမ်း ဖက်သူများကို ပခုက္ကူမြို့မရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် မင်းကန်ကျေးရွာနှင့် မကျီးရိုးကျေးရွာကြားရှိ ဓာတ်မီးတိုင် ခြောက်တိုင်ကို မတ် ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် ဆူပူအကြမ်းဖက် လူတစ်စုက မင်းမဲ့စရိုက်ဆန်စွာ ဖျက်ဆီး ဖြိုလှဲခဲ့ကြောင်း သိရသည်။
အဆိုပါ ဖျက်ဆီးခဲ့သည့် ဓာတ်မီးတိုင်များ အစားထိုးပြင်ဆင်နိုင်ရေးအတွက် သက်ဆိုင်ရာက အမြန်ဆုံးဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခဲ့သူများအား အမြန်ဆုံးဖော်ထုတ် ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်