Skip to main content

ကုန်တင်ယာဉ်များနှင့် အဝေးပြေခရီးသည်တင်ယာဉ်များ သွားလာမှုအဆင်ပြေချောမွေ့ရေး ရှင်းလင်းဆွေးနွေး

မုံရွာ မတ် ၁၄ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကုန်တင်ယာဉ်များ၊ အဝေးပြေးခရီးသည် တင်ယာဉ်များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း သွားလာမှု အဆင်ပြေချောမွေ့ရေး အတွက် လိုက်နာရမည့်အချက်များ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို မတ် ၁၂ ရက် မွန်းလွဲ ၂ နာရီက စစ်ကိုင်းတိုင်းသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အဝေးပြေးခရီးသည် တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များ သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက ကုန်တင်ယာဉ်များ၊ အဝေးပြေး ခရီးသည်တင်ယာဉ်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း လိုက်နာရမည့်အချက်များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးကြပြီး ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ဒေသဆိုင်ရာ ကြီးကြပ် ကွပ်ကဲမှုအဖွဲ့၊ အတွင်းရေးမှူး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဟန် က ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းက ကုန်တင် ယာဉ်များနှင့် အဝေးပြေးခရီးသည်တင်ယာဉ်များ သွားလာမှု အဆင်ပြေချောမွေ့ရေးအတွက် လိုက်နာရမည့် အချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးပြီးဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂) ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မော်တော်ယာဉ်လိုင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီး (ပြန်/ဆက်)