နေပြည်တော် မတ် ၁၄
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ်(၁၀)မြို့နယ် အဆောင်၌ Quarantine ထားရှိခဲ့သည်။
ထိုသို့ Quarantine ထားရှိသည့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၄၅ ဦးကို ယနေ့နံနက် ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးရုံမှ ဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ လူမှုရေးအသင်း၊ အဖွဲ့များနှင့်ပူးပေါင်း၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်