နေပြည်တော် မတ် ၁၄
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်လည် နေထိုင်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စုရှမ်းကုန်းကျေးရွာ ပတ်ဝန်း ကျင်တစ်ဝိုက်နှင့် ကျေးရွာချင်းဆက်လမ်းများတွင်လည်းကောင်း မိုင်းရှင်းလင်းရေး လုပ်ငန်းများ ကို နယ်မြေခံ တပ်မတော်သားများက ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်