Skip to main content

(၁၁)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး (11th AMOM) ကျင်းပ

နေပြည်တော် မတ် ၁၀ (၁၁)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေး မှူးချုပ်များ အစည်းအဝေး 11th ASEAN Military Operation Meeting (11th AMOM) Online Video Conferencing စနစ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်သည်။ ပါဝင်ဆွေးနွေး အဆိုပါ Video Conferencing တွင် မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ၊ ဘရူနိုင်းနိုင်ငံမှ Brigadier General Haji Abdul Razak bin Haji Abdul Kadir နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ကမ္ဘောဒီးယားနိုင်ငံမှ Major General Pen Sokrethvithyea နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ အင်ဒိုနီရှားနိုင်ငံမှ Major General Tiopan Aritonang နှင့်ကိုယ်စားလှယ်အဖွဲ့များ၊ လာအိုနိုင်ငံမှ Brigadier General Sonethong Keolokham နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ မလေးရှားနိုင်ငံမှ Major General Hashim bin Aman Shah နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဖိလစ်ပိုင်နိုင်ငံမှ Major General Edgardo Y. De Leon နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ စင်ကာပူနိုင်ငံမှ Brigadier General Ho Kum Luem နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ထိုင်းနိုင်ငံမှ Lieutenant General Chitchanok Nujjaya နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဗီယက်နမ်နိုင်ငံမှ Major General Nguyen Duc Can နှင့် ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆွေးနွေးကြသည်။ ဦးစွာ 11" ASEAN Military Operation Meeting (11th AMOM) ဥက္ကဋ္ဌ ဘရူနိုင်းဘုရင့်တပ်မတော်မှ Brigadier General Haji Abdul Razak bin Haji Abdul Kadir က အဖွင့်မိန့်ခွန်းပြောကြားသည်။ ထို့နောက် “စစ်ဘက်ဆိုင်ရာ စုစည်းပူးပေါင်းဆောင်ရွက်ရေးအတွက် ဂရုပြုပြင်ဆင်၊ အောင်ပွဲဝင် (We Care, We Prepare, We Prosper towards an Integrated ASEAN Military Cooperation)” အပေါ် အမြင်များအား နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးကြသည်။ ဆက်လက်၍ အာဆီယံတပ်မတော်များ၏ နှစ်နှစ်လုပ်ငန်း စီမံချက်အား ဆွေးနွေး အတည်ပြုခြင်း အပါအဝင် အခြားကိစ္စရပ်များအား ဆွေးနွေးကြသည်။ လွှဲပြောင်းပေးအပ် ယင်းနောက် (11h AMOM) ဥက္ကဋ္ဌ ဘရူနိုင်းဘုရင့်တပ်မတော်မှ Brigadier General Haji Abdul Razak bin Haji Abdul Kadir က အပိတ်မိန့်ခွန်းပြောကြားပြီး 12th ASEAN Military Operation Meeting (12th AMOM) D Dacypomi ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယား တပ်မတော်မှ Major General Pen Sokrethvithyea con ဥက္ကဋ္ဌ တာဝန်များအား လွှဲပြောင်းပေးအပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အစည်းအဝေး အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်