Skip to main content

ပြည်ထောင်စုရာထူးဝန်အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၀ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၁ ခုနှစ်၊ ပထမ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၁/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်အမှာစကား ပြောကြား သည်။ ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယ အမြဲတမ်းအတွင်းဝန်တို့က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ပထမ(၃)လပတ် လုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကား ပြောကြားသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးစစ်အေး၊ ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်နှင့် ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့ ပါဝင်တက်ရောက် ဆွေးနွေးတင်ပြကြ သည်။ (သတင်းစဉ်)