Skip to main content

စွမ်းအင်ကဏ္ဍရှိ ဦးစီးဌာနနှင့် လုပ်ငန်းများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေသုံးစွဲခြင်းဆိုင်ရာ အစီအမံများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၁၂ 

လျှပ်စစ်နှင့်   စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍရှိ ဦးစီးဌာနနှင့်လုပ်ငန်းများ၏ ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ် ဘဏ္ဍာငွေသုံးစွဲခြင်းဆိုင်ရာ အစီအမံ များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်း က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က  ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများအနေဖြင့် လုပ်ငန်းနှင့် စီမံကိန်းများအတွက် ဘတ်ဂျက်ရေးဆွဲရာတွင် ဆောင်ရွက်လိုသော  လုပ်ငန်းတစ်ခုချင်းအလိုက် အမှန်ကျခံသုံးစွဲမည့် ပမာဏနှင့်  အနီးစပ်ဆုံးခန့်မှန်း  ပြုစုနိုင်ရေး၊ ဘတ်ဂျက်လျာထားစီမံခန့်ခွဲမှု  စနစ်တကျရှိစေရေး၊  ၂၀၂၀ −၂၀၂၁  ဘဏ္ဍာနှစ်အတွက်   တင်ဒါခေါ်ယူရေး လုပ်ငန်းစဉ်များ၊  တင်ဒါအောင်မြင်သော     ကုမ္ပဏီများနှင့်  စာချုပ်များချုပ်ဆို ပစ္စည်းဝယ်ယူခြင်း၊    လုပ်ငန်းဆောင်ရွက်ခြင်းများကို   သတ်မှတ်ထားသော   အမိန့်နှင့်  ညွှန်ကြားချက်များအတိုင်း   အတိအကျ   လိုက်နာ ဆောင်ရွက်ရေး၊     ပစ္စည်းတင်ပို့မှု၊  ရောက်ရှိမှုနှင့်       လုပ်ငန်းများ သတ်မှတ်ချိန်အမီ     ပြီးစီးနိုင်ရေး၊ ဘတ်ဂျက်ခွင့်ပြုငွေများကို အပြည့်အဝ အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ရေးနှင့်  ရရှိထားသော ဘတ်ဂျက်များကို အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးနှင့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်သည့်ကာလ ဖြစ်သည့်အတွက် မိမိတို့လုပ်ငန်းများအရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် ဌာနအကြီးအကဲ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်  သက်ဆိုင်ရာ  ဝန်ထမ်းအားလုံး အလေးထား  ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ဦးစီးဌာနနှင့် လုပ်ငန်းများမှ တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တင်ဒါခေါ်ဆိုခဲ့မှု အခြေအနေ၊ performance base ငွေပေးချေရေး    ဆောင်ရွက်မှုများ၊ ပစ္စည်းများအချိန်မီ     ရောက်ရှိရေး ဆောင်ရွက်မှုများနှင့်   ဆက်လက် ဆောင်ရွက်မည့်    လုပ်ငန်း အစီအမံများကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ  ဒုတိယဝန်ကြီးက  ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်၏ ရငွေများကောက်ခံရရှိမှု အခြေအနေ၊ မူလခန့်မှန်းခြေစာရင်းအရ  ခွင့်ပြုဘဏ္ဍာငွေ အပေါ် ပထမ(၃)လပတ်အတွင်း သုံးစွဲနိုင်မှု အခြေအနေ၊ လုပ်ငန်းများ  အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် လက်ကျန်အခြေအနေများကို လုပ်ငန်းတစ်ခုချင်းအလိုက် သုံးသပ်ဆွေးနွေးသည်။

အစည်းအဝေးသို့   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန   ဒုတိယဝန်ကြီး (စွမ်းအင်)      ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေး မှူးများ၊ စီမံရေးနှင့်  ဘဏ္ဍာရေးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်