Skip to main content

Nov 16, 2022

ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ကမ်းနားလမ်းရှိ အကောက်ခွန်ရုံးနှင့် သိမ်ဖြူလမ်းရှိဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အအုံများတွင် ရှေးဟောင်းအဆောက်အအုံကမ္ပည်းမော်ကွန်း ကြေးပြားတပ်ဆင်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာအဆောက်အအုံများ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2022

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2022

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခွင့်ပြုခြင်းနှင့် ဗီဇာကင်းလွတ်ခွင့်များ ဆောင်ရွက်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း(၉၀)ကျော်မှ ခရီးသွားဧည့်သည်များလာရောက်ခဲ့ကြောင်း၊ ထို့ပြင် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ကို အာဆီယံ(၈)နိုင်ငံအားခွင့်ပြုပေးခဲ့ပြီး နိုင်ငံပေါင်း(၁၀၀)ကျော်ကိုလည်း အီလက်ထရောနစ်စနစ်ဖြင့် ဗီဇာများခွင့်ပြုပေးလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ (ASEAN Economic Community 2025- AEC 2025) လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီ သုံးခုနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Online + Offline ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်း ပြည့်ဝစေရန်နှင့် ရုံးလုပ်ငန်းများ ပိုမိုကျွမ်းကျင်စွာ တတ်မြောက်စေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာန ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

ပြည်သူများ လျှပ်စစ်အန္တရာယ်ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးမှုမရှိစေရန်၊ လျှပ်စစ်အား အကျိုးရှိထိရောက်စွာ အသုံးပြုတတ်စေရန်၊ လျှပ်စစ်ကြောင့် ဓာတ်လိုက်မှုဖြစ်စဉ်များ လျော့နည်းသွားစေရန်၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ ဝင်ငွေတိုးတက်လာပြီး လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရန်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန်တို့အတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ အဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများကို အသိအမှတ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သော ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဝန်ထမ်းများမိတ်ဆုံစားပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

(၂၀၂၂) ခုနှစ် အမျိုးသားကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2022

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နေသော ကဲဝဲလ်အထွေထွေရောဂါကုဆေးခန်းများသို့ရောက်ရှိပြီး အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိနေသည်များကို ကြည့်ရှုစစ်ဆေးကာ အာမခံအလုပ်သမားများနှင့် တွေ့ဆုံအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ရောက်ရှိပြီး ထားဝယ်မြို့မှ မြိတ်မြို့သို့သွားသည့် ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်- ဘုတ်ပြင်း- ကော့သောင်းလမ်း (သရက်ချောင်းနှင့် ထားဝယ်)လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2022

လူဖြစ်ပါက အသက်မွေးဝမ်းကျောင်းပညာကို တတ်ကျွမ်းရမည်ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာဟုဆိုရာတွင် သမာအာဇီဝကျကျ ဖြစ်ရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမအလုပ်သည် အနန္တောအနန္တငါးပါးတွင် ပါဝင်သည့် မွန်မြတ်သော အလုပ်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် ဂုဏ်သိက္ခာအရမြင့်မားပြီး ဂုဏ်ယူဖွယ်ကောင်းသူများ ဖြစ်သည့်အတွက် မိမိတို့ တပည့်များ၏ဘဝကို ကောင်းမွန်သည့် အနာဂတ်များ ပိုင်ဆိုင်နိုင်စေရန် ဖန်တီးပေးရမည် ဖြစ်ပါကြောင်း ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2022

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ အကြီးစားပြင်ဆင်မွမ်းမံ ဆောင်ရွက်နေသော မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးစံမီသော သတ်မှတ်ပစ္စည်းများ သုံးစွဲရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ ဓာတ်လှေကားအသစ် တပ်ဆင်ပြီးစီးမှုနှင့် လေအေးပေးစက်များ အသစ်လဲလှယ်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2022

ကုန်ကျစရိတ်သက်သာစွာဖြင့် သီးထပ်သီးနှံများကို ရာသီအချိန်မီ စိုက်ပျိုးနိုင်မှသာ တစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာပြီး တောင်သူများ ဝင်ငွေပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာအသုံးပြုခြင်းဖြင့် ထွန်စက်ကြီးအသုံးပြုမှုမှ ကြုံတွေ့ရမည့် မြေသိပ်သည်းမှုကို ဖြေလျှော့နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်