Aug 26, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Aug 26, 2024

၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလတွင် EAO အဖွဲ့အချို့သည် အခွင့်ကောင်းအဖြစ် ယူဆ၍ တစ်ချိန်တစ်ခါက လက်ကိုင်ထားခဲ့သည့် တစ်တောတစ်ကြက်ဖ စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်း ဖော်ဆောင်လာခဲ့ကြသည်။
Aug 26, 2024

စာရေးသူနေထိုင်ရာမြို့တွင် ယခုရက်ပိုင်း အများပြည်သူစီးနင်းသော မြို့ပတ်လိုင်းကားများ လူပြည့်သည်။ လူပြည့်သည်ဆိုရာ၌ ကျောင်းသွားကျောင်းပြန်၊ အလုပ်သွားအလုပ်ပြန်၊ ဈေးသွား ဈေးပြန်နံနက်၊ ညနေတို့သာမက လူသွားလူလာကျဲပါးသည့် နေ့လယ်ပိုင်းတွင်ပါ လူပြည့်ခြင်းဖြစ်သည်။
Aug 26, 2024

(ဂ) Availability (ဒါမျိုးကြီးတွေပဲရရှိနေမှု)။ မီဒီယာမှာ ဒါကိုပဲထပ်တလဲလဲ တွေ့နေရတော့ ဟုတ်မှာပဲလို့ အမှန်ထင်သွားတတ်တာမျိုး ဥပမာအားဖြင့် ငါးမန်းကိုက်ခံရတဲ့ နောက်ဆုံးသတင်း အသစ်တစ်ခုကို ကြားသိလိုက်ရတာနဲ့ပဲ ပင်လယ်ထဲရေကူးတဲ့အခါမျိုးမှာ စိတ်မလုံမခြုံ ဖြစ်လာတတ်တာမျိုး၊ ရောဂါအသစ်အဆန်းတစ်ခုဖြစ်နေတဲ့ သတင်းကြားသိခဲ့ရင် ကိုယ့်မှာများ အဲဒီလိုရောဂါဆန်းရှိနေသယောင် ထင်မြင်မိတာမျိုးစတာတွေပဲ ဖြစ်ပါတယ်။ ဒီအစွဲကို ရှောင်ရှားနိုင်ဖို့အတွက် ဖြစ်စဉ်ဖြစ်ရပ်တိုင်းမှာ ဖြစ်နိုင်ခြေနှုန်းထားရှိတာကို သတိပြုဖို့လိုအပ်သလိုပဲ သီးခြားဆုံးဖြတ်ချက်တစ်ခုချနိုင်ဖို့ဆိုရင် ကိုယ့်ဆီမှာကောင်းမွန်တဲ့ အကြောင်းပြချက်တွေလည်း ရှိထားရပါမယ်။
Aug 25, 2024

အာဖရိကတွင်ဖြစ်ပွားနေသော ကူးစက်မြန်မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။ မျောက်ကျောက် ရောဂါမျိုးကွဲသစ် ကူးစက်ပျံ့နှံ့နေသဖြင့် ယင်းသို့ အသိပေးထုတ်ပြန် ရခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကပြောသည်။ ရောဂါဖြစ်ပွားမှု သိသိသာသာတိုးလာပြီး ကွန်ဂိုနိုင်ငံတွင် ယခုနှစ်စကတည်းက မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၆ဝဝ ကျော်နှင့် သေဆုံးသူ ၅၃၇ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါရောဂါသည် ရောဂါကူးစက်ခံထားရသည့်တိရစ္ဆာန်ကို ကိုင်တွယ်ထိတွေ့ခြင်းမှ လူသို့ကူးစက်စေသည့်ရောဂါဖြစ်သည်။ ရောဂါဖြစ်ပွားနေသူ၏ ခန္ဓာကိုယ်မှထွက်ရှိသော အရည်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများနှင့် ညစ်ညမ်းနေသော အိပ်ရာပေါ်ရှိပစ္စည်းများနှင့်ထိတွေ့ခြင်းဖြင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ ကွန်ဂိုအပြင် ဘူရွန်ဒီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ ရဝမ်ဒါအပါအဝင် အခြားအာဖရိကနိုင်ငံများသို့လည်း ပျံ့နှံ့လျက်ရှိပြီး ထိန်းချုပ်နိုင်ရန် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရမည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။
Aug 25, 2024

လူတိုင်းအတွက် မိမိကိုယ်ကို နားလည်တတ်ဖို့ဆိုတာက အလွန်အရေးကြီးသလို ဒါဟာ ကိုယ့်ဘဝကို ပိုမိုပြည့်စုံအောင်ပြုလုပ်ပေးနိုင်တဲ့ အရည်အချင်းတစ်ခုလည်း ဖြစ်ပါတယ်။ အလုပ်အကိုင်၊ ပတ်ဝန်းကျင်နဲ့ လူမှုဆက်ဆံရေးတွေမှာ အောင်မြင်မှုရရှိဖို့အတွက် ကိုယ့်စွမ်းရည်နဲ့ စိတ်ခံစားချက်တွေကို သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။ လူတွေက မိမိကိုယ်ကို နက်နက်ရှိုင်းရှိုင်းနားလည်တယ်လို့ ယုံကြည်ထားကြပေမယ့် အဲဒါဟာ တကယ်ရောမှန်ကန်ပါရဲ့လား။ ဒါကြောင့် မိမိကိုယ်ကို နားလည်တတ်ခြင်းဟာ ကိုယ်တိုင်တိုးတက်မှုနဲ့ အဖွဲ့အစည်းတစ်ရပ်ရဲ့ အနာဂတ်အောင်မြင်မှုအတွက် အရေးကြီးကြောင်း ဆွေးနွေးမျှဝေလိုပါတယ်။
Aug 25, 2024

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖြစ်ပွားခဲ့သည့် ရုရှား-ယူကရိန်းစစ်ပွဲမှာ ယခုအခါ နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုကာလအတွင်း စစ်ပွဲရေချိန်မှာလည်း အနိမ့်အမြင့်၊ အတက်အကျ၊ အပြောင်းအလဲများစွာရှိခဲ့လေသည်။ ၂၀၂၄ ခုနှစ်အတွင်း ဝင်ရောက်လာသောအခါ၌မူ ရေရှည်၌ ခံနိုင်ရည်ရှိသူက အကဲသာစမြဲ ဖြစ်သည့်အတိုင်း ရုရှားဘက်မှ အသာစီးရလာခဲ့သည်။
Aug 24, 2024

သည်နေရာ၊ သည်ဒေသ၊ သည်တောင်တန်းပေါ်က ပချားကလို့၊ ကျောက္ကချားအပါအဝင် ရွာပေါင်းများစွာကို လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ကျော် ကာလကတည်းက ရောက်ဖူးခဲ့သည်။ တိတိကျကျပြောရလျှင် ၁၉၈၂-၁၉၈၃ ခုနှစ်တွေမှာ တပ်မတော်သားဘဝဖြင့် စတင်ရောက်ဖူးခဲ့ခြင်းဖြစ်၏။ ရှမ်းပြည်နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌ ဦးထွန်းရင်လောနှင့် ပါတီဘက်မှာ ဒေါ်ကြကြူမားတို့ တာဝန်ထမ်းဆောင်နေချိန်ဖြစ်၏။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ဖြစ်၍ ထိုစဉ်က ဒေသပါတီ ဥက္ကဋ္ဌမှာ တိုင်းမှူးဗိုလ်ချုပ်အေးစန်ဟု ထင်မြင်မိ ပါသည်။
Aug 23, 2024

တိမ်ညိုများအုပ်မှိုင်းပြီး အနောက်တောင်ဘက်မှ မိုးခြိမ်းသံများနှင့်အတူ လျှပ်စီးများလက်ကာ မိုးများရွာသွန်းနေသဖြင့် နွေကာလကပူပြင်းခဲ့သောအပူချိန်မှာ လျော့နည်းသွားပြီး အေးမြသောအထိအတွေ့ကိုခံစားရကာ အရပ်ရှစ်မျက်နှာ၌ စိမ်းစိုလန်းဆန်းလျက်ရှိနေပါသည်။ နွေရာသီကာလပူပြင်းခြောက်သွေ့ပြီး အချို့သောကျေးလက်ဒေသများတွင် ရေရှားပါးမှုကို ခံစားခဲ့ရပြီး မိုးတွင်းကာလတွင် ရေတွင်း၊ ရေကန်များ၌ ရေများသိုလှောင်နိုင်သောကြောင့် ရေရှားပါးမှုကို အထောက်အကူပြုသော ကာလတစ်ခုဖြစ်ရာ စာရေးသူတာဝန်ထမ်းဆောင်ခဲ့သော “ရွှေကိုမလို ရေကိုလိုသော ကျေးရွာကလေး” အဖြစ် တင်စားခေါ်ဝေါ်ခဲ့သော သန်လျင်မြို့နယ် ဖားကူးအရှေ့ကျေးရွာလေး၏ နွေရာသီရေရှားပါးမှု ဆောင်ရွက်ခဲ့သည်များကို အတွေးပုံရိပ်ဝယ် တရေးရေးမြင်ယောင်လာမိပါသည်။
Aug 23, 2024

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အာဖရိကမှာဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါကို အပြည်ပြည်ဆိုင်ရာ စိုးရိမ်ဖွယ်ရာ အများပြည်သူကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ အတိတ်ကာလတုန်းကလည်း အီဘိုလာ ရောဂါဖြစ်ပွားတုန်းကတစ်ကြိမ်၊ ကိုဗစ် - ၁၉ ဖြစ်ပွားတုန်းက တစ်ကြိမ်နဲ့ ၂၀၂၂ ခုနှစ် ဥရောပမှာ မျောက်ကျောက်ရောဂါဖြစ်ပွားတုန်းကတစ်ကြိမ် အလားတူကြေညာမှုမျိုးကို ပြုလုပ်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ အာဖရိကနိုင်ငံအများအပြားမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှုတွေ ပိုမိုများပြားလာတာကို တွေ့မြင်နေရပါတယ်။ ကြောက်မက်ဖွယ် ဒီဗိုင်းရပ်စ်ဟာ နယ်စပ်ဖြတ်ကျော် ကူးစက်မှုတွေရှိလာပြီး တစ်ကမ္ဘာလုံးဆိုင်ရာရောဂါဖြစ်ပွားမှုအတွက် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်ပေါ်နေပါပြီ။