ကိုယ်ဖော်ဆေး ကိုယ်ပြန်စား ကိုယ်လုပ်တာ ကိုယ်ပြန်ဖမ်း ကောက်ကျစ်လွန်းသူ KNU
စွမ်းပြည့်
မြန်မာပြည်သူလူထုအနေနဲ့ အမှန်သိသင့်ပါတယ်။ အောက်တန်းကျတဲ့ ကေအင်န်ယူဟာ နိုင်ငံအချို့ကို သေဖော်ညှိပြီး မြန်မာပြည်သူတွေကို မျက်လှည့်ပြ နေပြန်ပါပြီ။ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နဲ့ တစ်ချိန်လုံး ကြီးပွားချမ်းသာအောင်လုပ်ခဲ့ကြတယ်၊ သူများမျက်ရည်၊ ချွေး၊ သွေးနဲ့ လမ်းခင်း၊ ဘဝတွေပျက်အောင် လုပ်ခဲ့ကြတယ်၊ နိုင်ငံတကာမသိအောင် ဖုံးဖိ မျိုဆို့ပြီးမှ မြန်မာ့ တပ်မတော်က မြန်မာနိုင်ငံ နိုင်ငံသားအားလုံး ဂုဏ်သိက္ခာအတွက် အွန်လိုင်းလိမ်လည်မှုလုပ်နေ တဲ့နေရာတွေကို ဝင်ရောက်သိမ်းပိုက်ခဲ့ရာကနေအားလုံးကို အမြစ်ပါမကျန် ဖြိုချဖျက်ဆီးနေကာမှ အွန်လိုင်းလိမ်လည်တဲ့နေရာတစ်ခုဆိုပြီး ကေအင်န်ယူကအသိမ်းပြ၊ လုပ်ပြကိုင်ပြနေခြင်းဟာဖြင့် အင်မတန် အောက်တန်းကျတဲ့ လုပ်ရပ်အဖြစ်သာ မှင်တက် အံ့သြမိရပါတော့တယ်။
အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်
မြန်မာနိုင်ငံအနေနဲ့ ကရင်ပြည်နယ်မြဝတီမြို့ KK Park နယ်မြေအတွင်း အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam)နဲ့ အွန်လိုင်းလောင်းကစားမှု (Online Gambling)တွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ သတ်မှတ်ပြီးတိုက်ဖျက်နေပါတယ်။ ယခုမှမဟုတ်ပါဘူး၊ တရုတ် နိုင်ငံနဲ့လည်း နှစ်နိုင်ငံ Task Force ဖွဲ့စည်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ပူးပေါင်း နှိမ်နင်းဆောင်ရွက်ခဲ့ဖူးပါတယ်။ ထိုစဉ်က ပါဝင် ပတ်သက်သူ ၅၃၃၈၈ ဦးကို သက်ဆိုင်ရာနိုင်ငံ တွေကို ပြန်လည်လွှဲပြောင်းပေးခဲ့ရဖူးတယ်။
ယခုလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဒေသဖွံ့ဖြိုးရေးအတွက် စီးပွားရေးစီမံကိန်းများ အကြောင်းပြ၊ တရားမဝင် လောင်းကစားရုံတွေထောင်၊ အွန်လိုင်းလိမ်လည်လောင်းကစားတွေ ကေအင်န်ယူက ဦးစီးဦးဆောင်လုပ်ပြီး လုပ်ခဲ့ကြပြန်တယ်။
ကရင်လက်နက်ကိုင်နဲ့ PDF စိုးမိုးနယ်မြေအားလုံးနီးပါးမှာ လမ်း၊ လျှပ်စစ်၊ အင်တာနက် အခြေခံအဆောက်အအုံ အပြည့်တည်ဆောက်ပြီး နိုင်ငံခြားသားအလုပ်သမား ထောင်ချီအသုံးပြုခဲ့ ကြခြင်းဖြစ်တယ်။ တရားမဝင် ဒီလိုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ စက်ပစ္စည်းကိရိယာ၊ လူသား အရင်းအမြစ်၊ အင်တာနက်ကအစ အရင်းအမြစ်အားလုံး ဘယ်ကလာသလဲ ထင်ရှားလွန်းပါတယ်။ မြန်မာနိုင်ငံအရင်းအမြစ်က မဟုတ်တာတော့ လုံးဝသေချာတယ်။ ဒါကြောင့်လည်း တရားမဝင်လုပ်ငန်း မှန်သမျှလုပ်နေတဲ့ အဖွဲ့အစည်းအားလုံးကို နိုင်ငံတကာ (တရုတ်၊ ထိုင်း၊ မြန်မာနိုင်ငံ)တို့ ပူးပေါင်းပြီး နှိမ်နင်းတိုက်ဖျက်နေကြခြင်းဖြစ်ပါတယ်။ နှိမ်နင်းမှုက ထိရောက်မှုလည်း ရှိပါတယ်။ အမျိုးသားရေး တာဝန်ဖြစ်တဲ့အတွက် တရားမဝင်လုပ်ငန်း လုပ်ကိုင်ကြတဲ့ ရွှေကုက္ကိုလ်၊ KK Park၊ ကျောက်ခတ်နယ်မြေတွေကို ဇုန်သုံးခု သတ်မှတ်ပြီး အပြီးတိုင် ဖြိုချဖျက်ဆီး ဆောင်ရွက်နေကြပါတယ်။ တစ်ပတ်အတွင်းမှာ အဆောက်အအုံရာချီ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း ထောင်ချီ၊ စတားလင့်ခ် ဆက်သွယ်ရေးစက်ပစ္စည်းရာချီပြီး ဖြိုချဖျက်ဆီးနိုင်ခဲ့တာ တွေ့ရတယ်။ တရားမဝင်ပြည်ပနိုင်ငံသားတွေကိုလည်း သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းပေး နိုင်ခဲ့တယ်။ ဒီအချက်အားလုံးဟာ ကမ္ဘာသိ၊ မြန်မာသိမြန်မာနိုင်ငံရဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး အမျိုးသားရေးဆောင်ရွက်ချက်များပါပဲ။
ဇာတ်လမ်းတစ်ခုပမာ၊ ရှေ့ကဖုံး နောက်ကပေါ်
ကေအင်န်ယူဟာ မြဝတီမြို့တောင်ဘက် ဖလူး(မင်းလက်ပံ) ဒေသကို နိုဝင်ဘာလ ၂၄ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နယ်မြေအခြေအနေဟာ အနည်းငယ်တော့ ရှုပ်ထွေးသွားခဲ့တယ်။ DKBA စခန်းချတဲ့နေရာကို ဝင်ရောက်ထိန်းသိမ်းပြီး အွန်လိုင်းလိမ်လည်မှုပြုရာနေရာကို သိမ်းပိုက်ခဲ့ တယ်လို့ဆိုတယ်။ သူတို့သိမ်းပိုက်ထားတယ်ဆိုတဲ့နေရာမှာ၊ အွန်လိုင်းလိမ်လည်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ နိုင်ငံခြားသားတွေကို လာရောက်ခေါ်ယူဖို့ နိုင်ငံတကာကို တောင်းဆိုပြတယ်။ သိမ်းယူပြီး ချက်ချင်းဆိုသလို ထိုင်းနဲ့ နိုင်ငံတကာအေဂျင်စီတွေ ကိုချိတ်၊ ဆက်သွယ်အကြောင်းကြား၊ အထောက် အထားတွေစု၊ အကဲဖြတ်အဖွဲ့တွေဖွဲ့၊ လုံခြုံရေးတွေ ဖြန့် စသည်ဖြင့် တကယ့်ကို ရေပက်မဝင်တဲ့ ဇာတ်တိုက်ထားတဲ့ စီမံချက်ပမာတစ်စုံတစ်ဦးရဲ့ ညွှန်ကြားချက်ကို နာခံပြီးလုပ်နေသလား ထင်ရလောက်အောင် စနစ်တကျရှိလွန်းခြင်းဟာဖြင့် ဇာတ်လမ်းဇာတ်ကွက်ပမာ ထင်ရှားလှပါတယ်။
ဒါ့အပြင် သူတို့ဟာ နိုင်ငံခြားသားတွေရဲ့ အသက်အန္တရာယ်ကို အချိန်နှင့်အမျှ အလွန်စိုးရိမ်လာရကြောင်း အကြောင်းပြပြီး နိုင်ငံခြားသားတွေကို ကယ်တင်ဖို့၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးမှာ နိုင်ငံတကာကို ပူးပေါင်းဆောင်ရွက်ဖို့ မျက်ရည်ချူတာတွေ့ရတယ်။ အမှန်တကယ်က ကေအင်န်ယူဟာ ဝင်ရောက်တိုက်ခိုက်ပြီး နိုင်ငံခြားသားတွေကို ဖမ်းဆီးထားတဲ့ပုံစံနဲ့သာ ပိုတူနေတယ်။ အကူအညီ တောင်းတာက အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနဲ့ထိုင်းနိုင်ငံကို အဓိကဦးတည်တာ တွေ့ရတယ်။ ဒီနိုင်ငံတွေဟာ ယခင်အပတ်များကတည်းက အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံနဲ့အတူ နယ်စပ်ဒေသတစ်လျှောက်မှာ လက်တွဲဆောင်ရွက်နေတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဘာကို အထူးစိုးရိမ်နေသလဲဆိုတာ မသိရပေမယ့် လူသားချင်း စာနာထောက်ထားမှု အခြေခံမူတွေအတိုင်း မတန်မရာ ဆိုထားပြီး ... သူခိုးက လူဟစ်၊ နယ်စပ်က မြန်မာလုပ်သားတွေကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ဖူးသူတွေ၊ မုဒိမ်းကျင့်၊ လူသတ်ဖူးခဲ့ကြတဲ့ ကေအင်န်ယူလို မိစ္ဆာယုတ်တွေရဲ့ ပါးစပ်ကမှ ပြောထွက်တဲ့စကား၊ နားရှိလို့သာကြားရပါတယ်။
သူတို့တွေက ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံ/လူမျိုးအလိုက် ခွဲခြားခဲ့ပြီး လက်ဗွေရာနဲ့တကွ မှတ်တမ်းတင်၊ စာရွက်စာတမ်းတွေကို စနစ်တကျ ရှာဖွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုတယ်။ ကေအင်န်ယူရဲ့ အချိန်တိုအတွင်း အချိန်ကိုက်လုပ်ရပ်တွေကိုကြည့်ရတာ ဒီလိုလုပ်ငန်းမျိုးကို ဒီနယ်ပယ်မှာ အထူးကျွမ်းကျင်နေပုံရတယ်။ အွန်လိုင်းလိမ်လည်မှုနဲ့ မစိမ်းတဲ့သဘောပါ၊၊ Online Scam လုပ်ငန်း တွေမှာ ယခင်ကတည်းက ကျွမ်းကျင်နှံ့စပ်နေပုံရပြီး လုပ်ဖူး၊ ကိုင်ဖူးပုံပေါက်နေတာ၊ ရှေ့ကဖုံး နောက်က ပေါ်နေတာ သတိထားမိကြပုံမရ။ နောက်ပြီး ကေအင်န်ယူနဲ့ တိုက်ပွဲဖြစ်တဲ့ DKBAအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဟာ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ သတ်မှတ်ခံရ တဲ့ DKBA ခေါင်းဆောင် လေးယောက်အနက်က တစ်ဦးဖြစ်တယ်လို့ ဆိုတယ်။ ဒါလည်း မဆန်းပါဘူး။ နယ်စပ်ဒေသ နေရာအနှံ့မှာ လက်နက်ကိုင်မျိုးစုံက ထိန်းချုပ်ထားကြတဲ့အတွက် အွန်လိုင်းလိမ်လည်မှု လုပ်တဲ့ကိစ္စမှာ နယ်စပ်ဒေသ တိုင်းရင်းသားအမည်ခံ EAO အများစု အနည်းနဲ့အများ ပါဝင်ပတ်သက်မှု ရှိနိုင်တာကို မငြင်းပါဘူး။ ဒီလိုအနေအထားမှာ တပ်မတော်နဲ့လက်တွဲဆောင်ရွက်နေတဲ့ DKBA အဖွဲ့နဲ့ ခေါင်းဆောင်မျိုးကိုမှရွေးပြီး ပိတ်ဆို့မှု လုပ်တာကိုပဲ ထူးသော်လည်း မဆန်းဟု ဆိုရခြင်း ဖြစ်ပါတယ်။
နောက်ကွယ်က မြုပ်နေတာတွေ
ကေအင်န်ယူကို တစ်ခုမေးချင်တယ်။ တောက်လျှောက် အမြစ်တွယ်နေတဲ့ ယခုလို ဒုစရိုက် အလုပ်မျိုးတွေကို အတိတ်က ဘာကြောင့် မဖြေရှင်း ခဲ့ကြပါသလဲ။ ယခုမှ ဘာကြောင့် ကမန်းကတန်း ကယ်တင်ရှင်ပမာ ထလုပ်ရပါသလဲ။ နိုင်ငံတကာ ဆိုပေမယ့် သူတို့ လာစေချင်တာက အမေရိကန်ပါ။ အမေရိကန်တွေ မြန်မာနိုင်ငံထဲ ဝင်လို့ရအောင် လမ်းဖွင့်ပေးနေခြင်းသာ ဖြစ်ပါတယ်။ ပွဲလန့်တုန်း ဖျာခင်း၊ သူတို့တစ်ချိန်လုံး လုပ်စားလာတဲ့ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းမှာ သူတို့ပါဝင်ပတ်သက်မှု မရှိသယောင် သူများကို အပြစ်ဖို့ ထိုးချနေခြင်းသာ ဖြစ်တယ်။ ရွေးကောက်ပွဲနီးခါနီး မရှုပ်ရှုပ်အောင် နိုင်ငံပျက်စီးအောင် လုပ်နေခြင်းသာဖြစ်တယ်။ ဒီအချက်က ရွေးကောက်ပွဲကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ ဖျက်ဆီးမယ်ဆိုတဲ့ ကေအင်န်ယူတို့အတွက် မှတ်တမ်းတင်ရမယ့် အထောက်အထားအဖြစ် ဆက်စပ်ယူလို့ရတယ်။
ယခင်ကတည်းက ဒီနယ်မြေတွေကို ဘယ်သူထိန်းချုပ်ထားသလဲ၊ ဒီဒေသမှာ ဒီအွန်လိုင်းလိမ်လည် မှုလုပ်ငန်းပေါင်းစုံကို ဘယ်သူတာဝန်ယူပေးထားသလဲ၊ မြေငှားစာချုပ်ကိုကော ဘယ်သူ့လက်မှတ်နဲ့ ချုပ်ခဲ့သလဲ၊ လက်သည်အားလုံးက ကေအင်န်ယူချည်းပါပဲ။ နယ်စပ်ဒေသမှာ လက်နက်ခဲယမ်းမျိုးစုံ မှောင်ခို ရောင်းချဝယ်ယူ ထောက်ပံ့နေတာလည်း ကေအင်ယူပဲ။ တရားမဝင် နယ်စပ်ဂိတ်များစွာဖွင့်၊ တရားမဝင် ကုန်သွယ်မှုတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချလုပ်နေတာလည်း သူတို့ပါပဲ။ NUG လက်အောက်ခံ PDF တွေကို နေထိုင်ခွင့်၊ တိုက်ပွဲဖော်၊ အဖျက်လုပ်ရပ် လုပ်ခွင့်ပေးပြီး တိုက်ပွဲ ရှောင်မှန်သမျှ လက်ခံ၊ လူ့အခွင့်အရေးအကြောင်းပြ၊ နိုင်ငံတကာကနေ မျောက်ပြဆန်တောင်းပြနေတာလည်းသူတို့ပဲ။
အဓိကအချက်က အမေရိကန်ရဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ ဖွဲ့ခဲ့ခြင်းနဲ့အတူ ယခုကေအင်န်ယူရဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဇာတ်လမ်းဇာတ်ကွက် နောက်ကွယ် ကအခြေအနေတွေကို ဆက်စပ်ကြည့်ဖို့ လိုပါတယ်။ အမေရိကန်ဘက်က ယခုလို ဖွဲ့စည်းခဲ့ခြင်းရဲ့ နောက်ကွယ်မှာ နက်နဲတဲ့အကြောင်းတရားတွေ ရှိမယ်ဆိုတာ မြန်မာဘက်က ပြောထားပြီးသား ဖြစ်တယ်။ ဆိုလိုတာက တရုတ်နိုင်ငံရဲ့ BRI အပါအဝင် တိုးတက်မှုအရှိန်အဟုန်ကို ကန့်သတ်ထိန်းချုပ်လို တဲ့ အမေရိကန်ရဲ့ဖိအားပေးမှုအလုံးစုံကို ထည့်တွက် ရမယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံရွေးကောက်ပွဲကို ဟန့်တားလိုတဲ့ ရည်ရွယ်ချက်လည်း ရှိနိုင်တယ်။ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံကို ဖိအားပေးလိုပေမယ့် အွန်လိုင်းလိမ်လည်မှုမှာ ၉၀ ရာခိုင်းနှုန်းခန့် အဓိက ပါဝင်ပတ်သက်တဲ့ ထိုင်းနိုင်ငံကိုတော့ ဖိအားပေးတာ မတွေ့ရပြန်ဘူး။ အားလုံးက သူ့အကျိုးစီးပွားနဲ့သူ ခွဲခြားဆက်ဆံမှုတွေ တွေ့ရလိမ့်မယ်။
နောက်ဆက်တွဲဆိုးကျိုးတွေ ထည့်မတွက်၊ မိမိကိုယ်ကျိုးအတ္တသာ
ကေအင်န်ယူရဲ့လုပ်ရပ်ကတော့ အဆိုးဆုံးပါပဲ။ သူတို့လုပ်ရပ်က နယ်စပ်ဒေသအားလုံး တည်ငြိမ် အေးချမ်းမှုရှိအောင်၊ ရာဇဝတ်ဒုစရိုက်မှုခင်းတွေ လျော့ပါးပပျောက်ပြီး တရားဥပဒေစိုးမိုးမှုရှိလာအောင်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီး ငြိမ်းချမ်းရေးရရှိသည်အထိ ဆောင်ရွက်နေတဲ့ မြန်မာ့တပ်မတော်ရဲ့ကြိုးပမ်းမှုအားလုံးကို အဟန့်အတားဖြစ်စေပါတယ်။ ကေအင်န်ယူအနေနဲ့ ယခုလို အခြားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ခြင်းဟာ နယ်မြေအတွင်း မတည်ငြိမ်မှုတွေကိုသာ ပိုတိုး လာစေမှာ ဖြစ်တယ်။ ပဋိပက္ခတွေ ပိုများလာမယ်၊ ထိခိုက်ဆုံးရှုံးမှုတွေ ပိုရှိလာစေပါတယ်။ ကေအင်န်ယူက တိုက်ခိုက်တဲ့အချိန်မှာ နိုင်ငံခြားသားအချို့ သေဆုံးဒဏ်ရာ ရရှိသွားတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရတယ်။ ဒါကြောင့်လည်း မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံခြားသား တွေကို ကယ်တင်ရမယ့်လုပ်ငန်းတွေ ရှိလာပြန်တယ်။
နောက်ပိုင်းမှာ ကေအင်န်ယူဆိုတာ သူတို့ထိန်းသိမ်းထားတဲ့ အွန်လိုင်းလိမ်လည်မှုကျူးလွန်ခဲ့တဲ့ နိုင်ငံခြားသားတွေကို ပြန်ပေးငွေယူပြီး ပြန်လွှတ်မယ့်လူစားမျိုးအထိ မြင်နေမိတယ်။ အကျိုးဆက်က တိုင်းရင်းသားအချင်းချင်းပို၍ ရန်ဘက်ဆောင်လာရန်သာရှိပြီး နိုင်ငံပုံရိပ် ပိုကျဆင်းသွားဖို့ပဲရှိမယ်။ ဒီထက်ပိုပြီး အပြု သဘောဖြစ်မယ့် အကျိုးရလဒ်ဘာတစ်ခုမှ မမြင်ပါဘူး။
ဒါဆိုရင် ဒီလို အများအတွက် အကျိုးမများတဲ့ လုပ်ရပ်ကို ကေအင်န်ယူတို့ ဘာကြောင့် လုပ်ရပါသလဲ၊၊ တိုင်းရင်းသားအမည်ခံလက်နက်ကိုင်တွေဟာ ကိုယ့်ကိုယ်ကိုယ် စစ်နယ်ရှင်တွေသဖွယ် ယူဆပြီး အချင်းချင်းဇာတ်တူသားစား နယ်မြေသိမ်းလေ့ရှိတဲ့ လူမိုက်လုပ်ရပ်မျိုးက အဆန်းမဟုတ်တော့ပါဘူး။ ယခုလည်း နိုင်ငံတကာက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကိစ္စ အာရုံစိုက်လာတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးအကြောင်းပြ DKBA နယ်မြေတွေကို ဝင်သိမ်းခြင်းပါပဲ။ သူ့အကျိုးအတွက် နယ်မြေချဲ့စီးပွားရေးအကွက်ထွင်တဲ့သဘောပါ။ ကေအင်န်ယူတို့ရဲ့ချိန်သား ကိုက်အကွက်ဆန်းကို နိုင်ငံတကာနဲ့ တိုင်းရင်းသား ပြည်သူတွေ သိနေရပါမယ်။
ပြောရရင် ဘယ်တုန်းကမှ သန္ဓေမမှန်ခဲ့တဲ့ ကေအင်န်ယူဟာ ယခုအချိန်မှာ သူယုတ်အဖြစ် ပိုထင်ရှားလာတယ်။ သူတို့ရဲ့လုပ်ရပ်သာ စစ်မှန်ခဲ့ရင် သူတို့အတွက် အောင်ပွဲဆိုတာကြာခဲ့ပြီပေါ့။ ဒါကြောင့် ယခုအချိန်မှာမှ ကေအင်န်ယူအနေနဲ့ သူတော်ကောင်းယောင် မဆောင်ဖို့၊ အသိတရားရှိဖို့သာ သတိပေးပါရစေ။ တစ်ချိန်လုံး လုပ်လာခဲ့ကြတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့တကွ ဒုစရိုက်မှုအားလုံးကို မြေလှန်ရှင်းပစ်ဖို့ တပ်မတော်အနေနဲ့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာ ချထားပြီးပါပြီ။ ဒါကြောင့်လည်း ပြည်သူတစ်ယောက်အနေနဲ့ တောင်းဆိုချင်တာက ကရင်တိုင်းရင်းသားတွေ အတွက်ကော၊ မြန်မာတစ်မျိုးသားလုံးအတွက်ကော၊ ဒေသအတွက် နိုင်ငံအတွက်ကော ဘယ်လိုမှကောင်းကျိုးမပေး နိုင်ငံခြား သားခံယူထားသူတွေ ဦးဆောင်နေတဲ့ ကေအင်န်ယူအဖွဲ့ကို လုံးဝချေမှုန်းသုတ်သင်ပြီး မြန်မာ့မြေပေါ်က အပြီးပျောက်ကွယ်သွားအောင် ဆောင်ရွက် ပေးပါဟူ၍သာ တောင်းဆိုလိုက်ရပါတော့တယ်။ ။
