Skip to main content
Sep 11, 2022
လူကုန်ကူးမှု သတိပြုပါ
မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ရွှေ့ပြောင်းသွားလာမှု ပိုမိုတိုးပွားလျက်ရှိရာ စစ်တမ်းများအရ လက်ရှိနေထိုင်သူများ၏ ၄၂ ရာခိုင်နှုန်းကျော်မှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ပြောင်းရွှေ့လာသူများဖြစ်ပြီး ၂၅ ရာခိုင်နှုန်းမှာ အလုပ်အကိုင် အခွင့်အလမ်းရရှိရန် အဓိကရည်ရွယ်သည်။ ရွှေ့ပြောင်းသွားလာသူများအတွက် ကြီးမားသည့်စိန်ခေါ်မှုမှာ လူကုန်ကူးခံရမှု၊ လုပ်အားခေါင်းပုံဖြတ်ခံရမှုနှင့် နိုင်ငံသား အခွင့်အရေးဆိုင်ရာ ဆုံးရှုံးမှုများဖြစ်သည်။
Sep 11, 2022
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ နေထိုင်ကြသော နိုင်ငံသားတိုင်းသည် ကိုယ့်နိုင်ငံတော်ကြီးကို ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အလယ်တွင်ထည်ဝါသော နိုင်ငံတော်ကြီးတစ်ခု ဖြစ်စေချင်ကြသည်မှာ နိုင်ငံသားတိုင်း၏ ရင်တွင်းဆန္ဒတစ်ခုပင်ဖြစ်သည်။ ထို့အတွက် စာရေးသူတို့ အမိမြန်မာနိုင်ငံတော်ကြီး၏ ပညာရည်မြင့်မားရေးကို အထူးအလေးထား ဆောင်ရွက်နေသည့် သတင်းကောင်းများကို မျှဝေပေးလိုပါသည်။
Sep 10, 2022
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)သို့ သင်တန်းတစ်ခေါက်အတွေ့အကြုံ
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သင်တန်းကို ပထမဆုံးအကြိမ်အဖြစ် ဝန်ထမ်း လုပ်သက် ၁၀ နှစ်ကျော်မှ စာရေးသူအနေဖြင့် တက်ရောက်ခဲ့ရသည်။ ကြားကာလတွေမှာ မတက်ရောက်ဖြစ်သည်က ဌာနလုပ်ငန်းခွင်တွင် လုပ်ငန်းလိုအပ်ချက်အရ မတက်ရသည်သာ ဖြစ်ပေသည်။ စာရေးသူ၏ အိပ်မက်မှာကား နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ဇီးပင်ကြီးသို့ တက်ရောက်လိုသည့် ဆန္ဒကား အမြဲပင်ရှိနေခဲ့သည်။
Sep 09, 2022
မိဘတွေမှာ သားသမီးများ ရှိကြတယ်။ ဆရာ ဆရာမတွေမှာလည်း သားသမီးတွေ ရှိကြပါတယ်။ နိုင်ငံတော်မှာလည်း သားသမီးတွေရှိတာပါပဲ။ မိဘတွေမှာရှိနေတဲ့ သားသမီးများကတော့ ရင်မှာလွယ်ဖွား မွေးဖွားခဲ့ရသူများပါ။ ဆရာ ဆရာမတွေဆီမှာ ရောက်လာတဲ့ မိဘတွေရဲ့ သားသမီးများကတော့ ဆရာ ဆရာမတွေရဲ့ တပည့် သားသမီးများပါပဲ။ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ မိဘတွေရဲ့ သားသမီးများကတော့ နိုင်ငံတော်ရဲ့ သားသမီးများပဲ ဖြစ်ပါတယ်။
Sep 09, 2022
1
လူကုန်ကူးမှုဆိုသည်မှာ “ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူများကို သိမ်းသွင်း စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံပေးခြင်းများကို ဆိုလိုကြောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေ အခန်း-၁၊ ပုဒ်မ-၃ တွင် ဖွင့်ဆိုထားသည်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး တစ်ဦးတစ်ယောက်အား ပြည့်တန်ဆာပြုခြင်း၊ ကျေးကျွန်အဖြစ် လုပ်အားကို ခေါင်းပုံဖြတ်ခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့စေခိုင်းခြင်း၊ သူတစ်ပါး၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူခြင်း၊ ရောင်းချခြင်းတို့သည် လူကုန်ကူးမှု၏ လက္ခဏာများ ဖြစ်ပါသည်။
Sep 08, 2022
01
မြန်မာနိုင်ငံသည် ‘အသုံးလုံး’ဟု ခေါ်သော စာမတတ်သူပပျောက်ရေးစီမံကိန်း၊ နောင်တွင် မြန်မာနိုင်ငံ စာတတ်မြောက်ရေးစီမံကိန်း ကြိုးပမ်း လှုပ်ရှားမှုကြီးကြောင့် ကမ္ဘာကျော်ခဲ့သည်။
Sep 08, 2022
ဤကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြကုန်သော သက်ရှိသတ္တဝါအားလုံးနှင့် သက်မဲ့ဖြစ်သော သဘာဝပတ်ဝန်းကျင်တို့သည် အပြန်အလှန် အမှီသဟဲပြု၍ နေထိုင်ကြသည်။ တစ်နည်းအားဖြင့် ဆိုသော် အပြန်အလှန် ဆက်နွှယ်နေထိုင်ကြခြင်းကြောင့် ဂေဟအဖွဲ့အစည်း(Ecosystem)ဟု သိပ္ပံပညာရှင်များက ခေါ်ဆိုကြ၏။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်နွှယ်ရာတွင် တစ်ဦးဘက်မှ ချို့ယွင်းဖောက်ဖျက်ခဲ့လျှင် တခြားတစ်ဦးဘက်၌လည်း ချို့ယွင်းပျက်စီးမည် ဖြစ်သည်။
Sep 07, 2022
ဆောင်းပါး
အမြင်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ARMY 2022 ဖိုရမ်က တင့်တွေကိုပဲဦးစားပေး ပြသတယ်ဆိုသော်ငြားလည်း တကယ်တမ်းမှာ အမျိုးမျိုးသော သံချပ်ကာယာဉ်များကို အကန့်အသတ်ရှိတဲ့ နေရာလေးတစ်ခုမှာ ရှားရှားပါးပါး တွေ့မြင်ရတာ ဖြစ်ပါတယ်။
Sep 06, 2022
ရုရှား
ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက စီစဉ်ကြီးမှူးတဲ့ ARMY 2022 အပြည်ပြည်ဆိုင်ရာ စစ်ဘက်နှင့် နည်းပညာဖိုရမ်ကို ဩဂုတ် ၁၅ ရက်ကနေ ၂၁ ရက် အထိ ရုရှားနိုင်ငံက လက်ခံ ကျင်းပခဲ့ပါတယ်။ အဲဒီရက်တွေမှာပဲ Army International Games နဲ့ (၁၀) ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ မော်စကို ညီလာခံကိုလည်း တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ပါ သေးတယ်။
Sep 05, 2022
၁၂
ကျွန်မ၏ဝန်ထမ်းငယ်ဘဝမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သည်အထိ လုပ်သက် (၃၄)နှစ်အတွင်း ဌာနဆိုင်ရာသင်တန်းပေါင်းများစွာကို တက်ရောက်ခဲ့ရပြီး ၁၉၉၆ခုနှစ်တွင် ယခင်ဗဟိုဝန်ထမ်း တက္ကသိုလ် (ယခုနိုင်ငံ့ဝန်ထမ်းတက္ကသိုလ်)၌ ဖွင့်လှစ်ခဲ့သည့် စည်ပင်သာယာရေးဦးစီးဌာန အရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ်(၂) နှင့် ၁၉၉၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ဗဟိုဝန်ထမ်းလောင်းသင်တန်း ဇေယျ (၁၅၀) သင်တန်းများ တက်ရောက်ခဲ့ရပါသည်။