Sep 26, 2022

ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူမျိုးမရွေး၊ ဘာသာမရွေး နှစ်သက်စွာ ချက်ပြုတ်စားသောက်လျက်ရှိနေကြသော မီးဖိုချောင်သုံး သီးနှံများတွင် မှိုလည်း အပါအဝင် ဖြစ်သည်။ ယခုလို မိုးရာသီကာလတွင် ပေါပေါများများ တွေ့နိုင်သည့် မှိုသည် အရသာရှိသကဲ့သို့ လူကြိုက်များသည့် အစားအစာ တစ်မျိုးလည်းဖြစ်သည်။
Sep 26, 2022
ဂျပန်နိုင်ငံအစိုးရမှ မြန်မာအစိုးရသို့ တစ်ဆင့်ထုတ်ချေးပြီး မြန်မာအစိုးရမှ တောင်သူလယ်သမားများသို့ တစ်ဆင့်ပြန်လည်ထုတ်ချေးသည့် ချေးငွေပုံစံဖြစ်၍ နှစ်ဆင့်ချေးငွေ Two Step Loan ဟု ဆိုခြင်းဖြစ်ပါသည်။ ချေးငွေရယူသည့် တောင်သူလယ်သမားများက ပြန်လည်ပေးဆပ်သည့်ငွေကို သတ်မှတ်ကာလအလိုက် မြန်မာအစိုးရက ဂျပန်အစိုးရသို့ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပါသည်။ JICA, Two Step Loan ချေးငွေစီမံကိန်းမှာ မြန်မာနိုင်ငံ SME ကဏ္ဍအတွက်ထုတ်ချေးသည့် ချေးငွေနှင့် လယ်ယာကဏ္ဍအတွက်ထုတ်ချေးသည့် Two Step Loan ဟူ၍ နှစ်မျိုးရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် JICA တို့ ပူးပေါင်းဆောင်ရွက်သည့် ချေးငွေမှာ လယ်ယာကဏ္ဍအတွက်ထုတ်ချေးသည့် Agriculture and Rural Development Two Step Loan (စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ) အမျိုးအစား ဖြစ်ပါသည်။
Sep 25, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၌ ကျင်းပပြုလုပ်သည့် ( ၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) မျက်နှာစုံညီအစည်းအဝေး Plenary Session ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ စားနပ်ရိက္ခာလုံခြုံရေး” Food Security နှင့် ပတ်သက်၍ ဆွေးနွေးသွားသည်ကို သိရှိလေ့လာလိုက်မိပါသည်။ “စားနပ်ရိက္ခာလုံခြုံရေး ကဏ္ဍမှာ မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း ကောင်းများ” ခေါင်းစဉ်အောက်တွင် ဆွေးနွေးသွားခဲ့ခြင်းဖြစ်သည်။
Sep 25, 2022

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး ကာကွယ်ဆေးများထိုးနှံ၍ ရောဂါအတော်အသင့် ထိန်းချုပ်နိုင်လာခြင်းနှင့်အတူ ကမ္ဘာ့ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်း သည်လည်း တစ်ပါတည်း လိုက်ပါ လာခဲ့သည်။ ၂၀၂၁ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခရီးသွားလုပ်ငန်းကို ပြန်လည်ဖွင့်လှစ်ခဲ့ကြရာ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင်
Sep 25, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာလ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့သလို မြန်မာနိုင်ငံအတွက် အကျိုးရှိစေမည့် သဘောတူညီမှုများကိုလည်း လက်မှတ်ရေးထိုးခဲ့သည်ကို တွေ့ရသည်။
Sep 23, 2022

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေးရရှိခဲ့သည့်နောက် ယနေ့တိုင် ကမ္ဘာ့အလယ်တွင် သမာသမတ်ကျကျ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို တစိုက်မတ်မတ်ကျင့်သုံး လျက်ရှိပြီး နိုင်ငံတိုင်းကို မိတ်ဝတ်မပျက်ဆက်ဆံခဲ့၍ နိုင်ငံတကာဆက်ဆံရေး သံခင်း တမန်ခင်းကဏ္ဍတွင် သမိုင်းအစဉ်အလာ ကြီးမားခဲ့သည်။ ဒေသတွင်းနိုင်ငံများကြားတွင် ရှေ့ဆောင်နိုင်ငံဟုပင် ဆိုရလောက်သည်။ ကမ္ဘာ့ခေါင်းဆောင်များနှင့် ကြိမ်ဖန်များစွာ အပြန် အလှန် ကူးလူးယှက်နွှယ်ထိတွေ့ဆက်ဆံမှုရှိခဲ့၍ နိုင်ငံအချို့သည် ၎င်းတို့၏ ကမ္ဘာ့အရေး၊ ဒေသတွင်းအရေးကိစ္စများတွင် ပါဝင်နယ်ဒီပလိုမေစီသဘောအရ မြန်မာခေါင်းဆောင်များကို ကြားမှ အောင်သွယ်တော်အဖြစ် အကူအညီတောင်းခံမှုပေါင်းများစွာပင် ရှိခဲ့ဖူးသည်။
Sep 23, 2022

ယနေ့ကမ္ဘာမှာ နိုင်ငံရေး၊ စီးပွားရေး အခင်းအကျင်းတွေ အခြေခံကအစ အချိန်နှင့်အမျှ ပြောင်းလဲနေသည်ကို တွေ့ရသည်။ ဗဟိုချက်မတွေ ပြောင်းနေသည်။ အနောက်မှ အရှေ့သို့ လည်းကောင်း၊ အနောက်မှ အရှေ့ပစိဖိတ်သို့လည်းကောင်း အရွေ့များကို တွေ့မြင်နေ ရသည်။ ထိုသို့ တိုးတက်ပြောင်းလဲနေမှုများကို ရုရှားနိုင်ငံ ပရီမော်စကီဒေသ၊ ဗလာဒီဗော့စတော့၌ ကျင်းပသော (၇) ကြိမ်မြောက် Eastern Economic Forum တွင် အကဲဖြတ်ခွင့်ရခဲ့ကြသည်။
Sep 23, 2022

မိသားစုတစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် လူတန်းစေ့ ရှင်သန်၊ ရပ်တည်၊ နေထိုင်နိုင်ရေးအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ လိုအပ်ချက်တွေထဲကမှ အရေးအကြီးဆုံးအရာကတော့ စီးပွားရေးလို့ ဆိုကြပါတယ်။
Sep 22, 2022

“ဥပဒေဆိုသည်မှာ စည်းကမ်းဖြစ်သည်။ စည်းကမ်းတိုင်းသည် ဥပဒေမဟုတ်ပါ။ စည်းနှောင်အားရှိသော စည်းကမ်းသည်သာ ဥပဒေဖြစ်ပါသည်။” “No One is Above the Law ဥပဒေအထက်တွင် မည်သူမျှ မရှိပါ။” အစရှိသော ဥပဒေရေးရာဆောင်ပုဒ်များကို ရည်ညွှန်းသုံးသပ်လျက် ဥပဒေနှင့်ပြစ်မှု၊ ပြစ်ဒဏ် အကြောင်းကို စာဖတ်သူတို့အတွက် ဤဆောင်းပါးဖြင့် မျှဝေပေးလိုပါသည်။
Sep 22, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Irkutsk ပြည်နယ် Irkutsk မြို့တွင် ခေတ္တရောက်ရှိ တည်းခိုနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာလ ၈ ရက် နံနက်စောပိုင်းမှစတင်၍ အသက်ဝင်လှုပ်ရှားနေသည်။ ယမန်နေ့ညက အိပ်စက်နားနေချိန်မှာ နောက်ကျသည့်တိုင် လန်းဆန်းတက်ကြွမှုက အပြည့်ရှိနေသည်။ နိုင်ငံ့အကြီးအကဲဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ယနေ့လေ့လာရေးခရီးစဉ်ကို နံနက်ပိုင်းမှပင် စတင်မည်ဖြစ်ပြီး Irkutsk ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Mr. Igor Ivanovich Kobzev နှင့် တာဝန်ရှိသူများက လေ့လာရေးခရီးစဉ်အား လိုက်ပါရှင်းလင်းတင်ပြမည်ဖြစ်သည်။