Skip to main content
Mar 21, 2025
ဆောင်းပါး
မော်ကွန်းတိုက် စတင်တည်ထောင်တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့သမိုင်းဆိုင်ရာမှတ်တမ်းများ၊ အမျိုးသားရေးမော်ကွန်းဝင်မှတ်တမ်းများ၊ မြန်မာနိုင်ငံအစိုးရယန္တရားတစ်ခုလုံးနှင့် သက်ဆိုင်သည့် သမိုင်းဝင်မှတ်တမ်းများ ထာဝရမပျောက်ပျက်အောင် ထိန်းသိမ်းရန်အတွက် ၁၉၇၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် တော်လှန်ရေးကောင်စီကြေညာချက်အမှတ် ၉၇ အရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်အား စတင်တည်ထောင်ခဲ့သည်။ ထိုစဉ်ကတည်းက အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသည် မှတ်တမ်းနှင့် မော်ကွန်းများကို စနစ်တကျထိန်းသိမ်းရာဌာန တစ်ခုဖြစ်ပါသည်။
Mar 19, 2025
ဆောင်းပါး
စားရေရိက္ခာဖူလုံရေးသည် မိသားစုတိုင်းအတွက် အခြေခံအကျဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံတည်ငြိမ်ရေး၊ အေးချမ်းသာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စားရေရိက္ခာအမျိုးမျိုး ထုတ်လုပ်ရေးအတွက် နေ့စဉ်ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
Mar 19, 2025
ဆောင်းပါး
ထွန်းသစ်စနေရောင်ခြည်အောက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ကုန်းခြံကျေးရွာလေးသည် ရှမ်းအိုးစည်သံများ၊ တိုးနရားကကွက်ဆန်းများ၊ ရိုးရာဝတ်စုံဝတ်ဆင်ထားသော အင်းတိုင်းရင်းသား တိုင်းရင်းသူများ၏ လှပညီညာသော ရိုးရာအကများဖြင့် စည်ကားပျော်ရွှင် အသက်ဝင်လျက်ရှိသည်။
Mar 18, 2025
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Mar 17, 2025
ဒီကနေ့ခေတ်မှာ အရွယ်သုံးပါး၊ ကျား၊ မ မရွေး သုံးစွဲနေကြတဲ့ ဆိုရှယ်မီဒီယာဆိုတာ ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းနဲ့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေဖြစ်တဲ့ ၁၉၉၇ ခုနှစ်တုန်းက Six Degrees၊ ၂၀၀၂ ခုနှစ် ရောက်တော့ Friendster ဆိုတဲ့ ပလက်ဖောင်းတွေနဲ့ စတင်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်မှာ MySpace နဲ့ LinkedIn၊ ၂၀၀၆ ခုနှစ်မှာ Facebook စတာတွေ ပေါ်ပေါက်လာရာက လူအချင်းချင်း ဆက်သွယ်နိုင်သလို သတင်းအချက်အလက်လည်း မျှဝေနိုင်တဲ့ ပလက်ဖောင်းသဖွယ် ဖြစ်လာခဲ့ပါတယ်။
Mar 17, 2025
၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် (၈) ကြိမ်မြောက် “လန်ချန်း-မဲခေါင် သီတင်းပတ်” ရောက်ရှိလာပြီဖြစ်သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစတင်ချိန်မှစ၍ အလျင်အမြန်တိုးတက်ပြီး ထင်ရှားသောရလဒ်များရရှိခဲ့ကာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင်ပလက်ဖောင်း” ဖြစ်လာခဲ့သည်။ ကျွန်မသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည့် နှစ်ဝက်ကျော်ကာလအတွင်း လန်ချန်း-မဲခေါင်စီမံကိန်း ခုနစ်ခု၏ အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး စီမံကိန်းများစွာကို လက်တွေ့သွားရောက်စစ်ဆေးခဲ့သဖြင့် မြန်မာနိုင်ငံ၏ ရွှေရောင်မြေပေါ်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်များ‌ ဝေဝေဆာဆာဖူးပွင့်နေသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ အမြန်နှုန်း၊ အင်အားနှင့် နက်ရှိုင်းမှုကို ကိုယ်တိုင်ခံစားခဲ့ရသည်။ “ရွှေရောင်ပလက်ဖောင်း” ၏ “ထိရောက်မှု နှုန်းထား”သည် အလွန်မြင့်ပါသည်။
Mar 17, 2025
လူသားတွေရဲ့ နေ့စဉ်စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေမှာ သန့်ရှင်းတဲ့ရေရရှိမှသာ ပြီးပြည့်စုံနိုင်ပါလိမ့်မယ်။ ရေဟာသက်ရှိသတ္တဝါတွေနဲ့ အပင်တွေရှင်သန်ရပ်တည်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သဘာဝသယံဇာတအရင်းအမြစ်ဖြစ်ပါတယ်။ ရေမရှိဘဲ ဇီဝလောက မတည်ရှိနိုင်ပါဘူး။ ကမ္ဘာ့မျက်နှာပြင်တစ်ခုလုံးရဲ့ သုံးပုံနှစ်ပုံကျော်ကို ရေတွေနဲ့ဖုံးလွှမ်းထားပေမယ့် အဲဒီကမ္ဘာ့ရေထုစုစုပေါင်းရဲ့ ၉၇ ရာခိုင်နှုန်းက သက်ရှိတွေသောက်သုံးမရတဲ့ ဆားငန်ရေတွေဖြစ်ပြီး ကျန် ၃ ရာခိုင်နှုန်းကသာ ရေချိုဖြစ်ပါတယ်။ ကျွန်ုပ်တို့လူတွေက မြေပေါ်မှာရှိတဲ့ မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေကန်နဲ့ မြေအောက်က ရေချိုတွေကိုသာ အမှီသဟဲပြု သုံးစွဲကြရတာပါ။ ဒီလိုရှားပါးပြီး တန်ဖိုးကြီးမားလှတဲ့ ရေချိုတွေကို ကမ္ဘာပေါ်ရှိ နိုင်ငံသားတိုင်းက ကျန်းမာပျော်ရွှင်ဖို့နဲ့ ငြိမ်းချမ်းသာယာဝပြောဖို့အတွက် စနစ်တကျ တန်ဖိုးထားထိန်းသိမ်းကြဖို့ လွန်စွာအရေးကြီးပါတယ်။
Mar 17, 2025
ဆောင်းပါး
အသည်းရောင်အသားဝါ ရောဂါပိုးများမှာ အေပိုး (Hep A)၊ ဘီပိုး (Hep B)၊ စီပိုး (Hep C)၊ ဒီပိုး (Hep D)၊ အီးပိုး (Hep E)၊ အက် (ဖ်) ပိုး (Hep F) နှင့် ဂျီပိုး (Hep G) ဟူ၍ အတိုကောက် ခေါ်ဆိုကြသည်။ ထို့ကြောင့် အသည်းရောင်အသားဝါ (အေ) ရောဂါသည် အသည်းရောင်အသားဝါ ရောဂါပိုးများ၏ မိသားစုဝင်ပိုးတစ်မျိုးဖြစ်သည်။ ရောဂါပိုးများမှာ အဓိက အသည်းကို တိုက်ခိုက်သည့် ပိုးဖြစ်သော်လည်း ကူးစက်ပုံခြားနားကြသည်။
Mar 17, 2025
ဆောင်းပါး
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ရွာလေးတစ်ရွာတွင် ကြည်လင်စွာစီးဆင်းသော စမ်းချောင်းလေးတစ်ခုသည် မျိုးဆက်ပေါင်းများစွာ တည်ရှိလာခဲ့သည့် ရေအရင်းအမြစ်တစ်ခုထက် သာမက ရိုးရာစက္ကူထုတ်လုပ်မှုလုပ်ငန်းများ၏ အသက်သွေးကြောလည်းဖြစ်သည်။
Mar 17, 2025
ဆောင်းပါး
“မတ်လ” တစ်နည်းအားဖြင့် မြန်မာနှစ် တပေါင်းလအခါသမယ၏ နွေရာသီလေပြည်လေးများသည် ငြိမ်းချမ်းသောအသွင်ကိုဆောင်လျက် တသုန်သုန်ဆော်သွေးတိုက်ခတ်နေပါသည်။ “တပေါင်းသာခေါင်လများနောင်” ဆိုစကားနှင့်အညီ ပတ်ဝန်းကျင်တစ်ခွင်မှာ သာယာလှပ၊ ကြည်လင်ငြိမ်းချမ်းခြင်းတို့ဖြင့် တင့်တယ်လျက်ရှိပါသည်။ နေပြည်တော်ရှိ ရုံးအမှတ်(၉) အမည်နာမခေါ်တွင်သည့် ထည်ဝါသော ရုံးအဆောက်အအုံကြီးရှေ့ရှိ မြန်မာနိုင်ငံအလံသည် တိမ်အပြာနုရောင်၊ တိမ်မီးခိုးရောင်ဖျော့ဖျော့နှင့် အဖြူရောင် တိမ်စိုင်တိမ်လိပ်များနှင့်အပြိုင် မိုးကောင်းကင်ယံတွင် ငွားငွားစွင့်စွင့် ဝင့်ဝင့်ကြွားကြွား လွင့်ပျံနေပါသည်။ ထိုကျက်သရေရှိလှသည့် အဆောက်အအုံသည်ကား မြန်မာနိုင်ငံ၏ အထင်ကရနိုင်ငံခြားရေးဝန်ကြီးဌာနပင် ဖြစ်ပါသည်။