Jul 08, 2024
၁။ မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန်များပြားစွာရွာသွန်းမှုကြောင့် လျှပ်တပြက် ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင်ပါသည်။
Jul 08, 2024
အကြောင်းအမျိုးမျိုးကြောင့် အရေးယူခံရ၍ အလုပ်သမားဝန်ကြီးဌာနမှ ရာသက်ပန်ပိတ်သိမ်းခံထားရသည့် ပြည်ပအလုပ် အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအနေဖြင့် ဌာန၏ ယာယီရငွေစာရင်းသို့ ပေးသွင်းထားသည့် လိုင်စင်အာမခံစပေါ်ငွေများအား ပြန်လည်ထုတ်ယူခွင့်မရှိကြောင်းနှင့် အဆိုပါလိုင်စင်အာမခံစပေါ်ငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေးသွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
Jul 06, 2024
အကြောင်းအမျိုးမျိုးကြောင့် အရေးယူခံရ၍ အလုပ်သမားဝန်ကြီးဌာနမှ ရာသက်ပန် ပိတ်သိမ်းခံထားရသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် ဌာန၏ ယာယီရငွေစာရင်းသို့ ပေးသွင်းထားသည့် လိုင်စင်အာမခံစပေါ်ငွေများအား ပြန်လည်ထုတ်ယူခွင့်မရှိကြောင်းနှင့် အဆိုပါလိုင်စင်အာမခံစပေါ်ငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေးသွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
Jul 05, 2024
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။
Jul 04, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးမင်းထွဋ် အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။
Jul 04, 2024
နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည် -
Jul 04, 2024
“အငြိမ်းစားမိဘပြည်သူများသို့ အသိပေးကြေညာချက်”
Jul 02, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ စာဖတ်နှုန်းမြင့်တက်စေရန် ရည်ရွယ်၍ တစ်ဖက်တစ်လမ်းမှ ပါဝင်ဝန်ဆောင်မှုပေးသည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန (စာကြည့်တိုက်)များသို့ စာအုပ်များ ပေးပို့လှူဒါန်းလိုပါက မြန်မာ့စာတိုက်လုပ်ငန်းရှိ စာတိုက်များတွင် (အခမဲ့)ပေးပို့နိုင်ပါကြောင်း ကြေညာအပ်ပါသည်။
Jul 02, 2024
၁။ နိုင်ငံတစ်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချမှတ်ဆောင်ရွက်ခြင်းသည် အဆိုပါနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် ကဏ္ဍအားလုံးအပေါ် ဆိုးကျိုးသက်ရောက်စေပြီး နိုင်ငံသားများ၏ လူမှုစီးပွားအခွင့်အလမ်းများအတွက် အကန့်အသတ်များလည်း ဖြစ်ပေါ်စေနိုင်ပါသည်။