Mar 08, 2021
၁။ နိုင်ငံတော်မှထုတ်ပြန်ထားသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တို့အား လိုက်နာခြင်းမရှိဘဲ ဆူပူဆန္ဒဖော်ထုတ်လျက်ရှိသူများသည် လုံခြုံရေးတာဝန်ဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်အချို့အား လုပ်ငန်းတာဝန် ဆောင်ရွက်၍မရအောင် တိုက်ခိုက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ရိုက်ပုတ် ထိုးနှက်ခြင်း၊ အလားတူ နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများအား CDM ပြုလုပ်စေရန် ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ အငြိမ်းစားတပ်မတော်သားများ၊ အငြိမ်းစားရဲတပ်ဖွဲ့ ဝင်များနှင့် အချို့သော ပြည်သူလူထုအား ရဲသတင်းပေး၊ စစ်သတင်းပေးဟု စွပ်စွဲကာ မတရားဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရိုက်ပုတ်ထိုးကြိတ်ခြင်း၊ အရှက်ရစေရန် ကတုံးတုံးခြင်း၊ ဆံပင်ထိပ်ကွက်ခြင်း၊ မျက်ခုံးမွှေးရိတ်ခြင်း၊ ရာသက်ပန် ရုပ်အဆင်းပျက်စေရန်နှင့် အရှက်ရစေရန် မျက်နှာအား တက်တူး ထိုးခြင်းများစသည့် မင်းမဲ့စရိုက်ဆန်စွာ ညှင်းပန်းနှိပ်စက်ပြုမူ ကျူးလွန်လျက်ရှိကြောင်း တွေ့ရှိရပါ သည်။
Mar 07, 2021
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်လုံခြုံအေးချမ်းသာယာရေးအတွက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာတွင် တစ်ဦးတစ်ယောက်၊ တစ်ပါတီအဖွဲ့အစည်းအတွက် ဦးတည်ရည်မှန်းချက် ထားကာ နိုင်ငံတော်အား နည်းမျိုးစုံအသုံးပြုဆန့်ကျင်လှုပ်ရှားနေသူများကို နိုင်ငံတော်နှင့် ပြည်သူ လူထုအကျိုးစီးပွားအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
Mar 02, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မန္တလေး တိုင်းဒေသကြီး၊ သာစည်မြို့နယ်၏ ဆန္ဒမဲပေးမှုများကို စစ်ဆေးခဲ့သည်။
Mar 02, 2021
ယနေ့အချိန်အခါသမယသည် နိုင်ငံတော်တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအား အထူး အလေးအနက် ဂုဏ်ပြုသတ်မှတ်ထားသော သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။ ဤရက်မြတ် အချိန်အခါကာလတွင် နိုင်ငံတော်တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆတက်ထမ်းပိုး တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
