May 10, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် ဇွန် ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ကျွန်ုပ်တို့သည် သဘာဝတရားနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲစွာ နေထိုင်ရန်လိုအပ်ကြောင်း၊ မူဝါဒများနှင့် တစ်ဦးချင်းစီ၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာနေထိုင်နိုင်မည့် နည်းလမ်းရွေးချယ်မှုများမှတစ်ဆင့် ပိုမိုစိမ်းလန်းသော နေထိုင်မှုပုံစံသို့ အသွင်ကူးပြောင်းနိုင်ရေးအတွက် ဖြစ်နိုင်သမျှဆောင်ရွက်သွားရန်နှင့် ရေရှည်တည်တံ့စွာ နေထိုင်နိုင်စေရေးအတွက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ သဘာဝနှင့်လိုက်လျောညီထွေ နေထိုင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် လူသားတိုင်း ပါဝင်ဆောင်ရွက် ကြစေလိုကြောင်း ယခုနှစ်ဆောင်ပုဒ်မှ တိုက်တွန်းထားသည်။
May 09, 2022
အသက် (၁၆) နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ် မျိုးမျိုး ထုတ်ပေးရေးအတွက် “ပန်းခင်း”စီမံချက်ဖြင့်ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်း ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက် ပေးခြင်းများကို (၃-၅-၂၀၂၁)မှ(၃-၁၁-၂၀၂၂) နေ့အထိ နိုင်ငံတစ်ဝန်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက် ပေးလျက်ရှိသည်။
May 06, 2022
၁။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် (၁၀-၁၁-၂၀၂၁) ရက်စွဲပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၂၁) တို့အရ ပို့ကုန် တင်ပို့သူသည် ပို့ကုန်ရငွေအားလုံးကို ပို့ကုန်တင်ပို့သည့်နေ့မှ သုံးလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်နှင့် နိုင်ငံခြားသုံးငွေ များ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူ (AD ဘဏ်များ) သည် ပို့ကုန်အမှန်တကယ် တင်ပို့ခဲ့သည့် ပို့ကုန်တင်ပို့သည့် အထောက်အထားများအရ ကုန်စည်များကို သင်္ဘောတင်သည့် နေ့မှ သုံးလအတွင်း ပို့ကုန်တင်ပို့သူများက ပို့ကုန်ရငွေများ လက်ခံရရှိခြင်း ရှိ/မရှိ ကို စိစစ်ရန် ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။
May 06, 2022
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ(၃၀-၄-၂၀၂၂)
May 02, 2022
၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်ထုတ် မလေးမေးလ်သတင်းစာတွင် “မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက အာဆီယံအား အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် အလွတ်သဘောထိတွေ့ဆက်ဆံရန် အဆိုပြုသွားမည်ဖြစ်ကြောင်း” ဖော်ပြပါရှိသည့် သတင်းဆောင်းပါးကို နိုင်ငံခြားရေးဝန်ကြီးဌာနက တွေ့ရှိရသည်။
May 02, 2022
ပြည်ထောင်စုဝန်ကြီးတာဝန်မှ အနားယူခွင့်ပြုခြင်း