Skip to main content

Jul 14, 2022

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်မီဒီယာများနှင့် ပြည်တွင်းပုဂ္ဂလိကမီဒီယာများအနေဖြင့် သတင်းများရယူရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် သတင်းစာ ရှင်းလင်းပွဲများ အပါအဝင် အခမ်းအနားများ ဖိတ်ကြားရာတွင် လွယ်ကူလျင်မြန်စေရေးအတွက် သတင်းမီဒီယာသမား အသိအမှတ်ပြု ကတ်ပြားများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစိစစ်၍ ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)နှင့် ကယ်ဆယ် ရေးလေယာဉ် (Relief Flight) များဖြင့်လည်းကောင်း၊ နယ်စပ်ဝင်ထွက် ဂိတ်များမှတစ်ဆင့်လည်းကောင်း ဝင်ရောက်လာသူများထံမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိပြီး Omicron(အိုမီခရွန်)အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2022

နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အတွင်း ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူ ငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းအသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင် နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားကြောင်း သိရှိရသည်။ ကြေညာချက် အပြည့်အစုံမှာ -

ဆက်လက်ဖတ်ရှုရန်

Jul 10, 2022

၁။      ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၀၄:၀၀ နာရီအချိန်မှ အခမ်းအနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှ လည်းကောင်း၊ ဓမ္မစေတီလမ်းအား ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံမှ လည်းကောင်း၊ ဓမ္မစေတီလမ်းအား အင်းယားမြိုင်လမ်းဆုံမှ လည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံမှ လည်းကောင်း၊ အာဇာနည်လမ်းအား ဦးထောင်ဘိုလမ်းနှင့် အာဇာနည်လမ်းဆုံမှ လည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံထိ လည်းကောင်း၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ် (သွေးဆေးကန်)လမ်းတို့အား ခေတ္တပိတ်ထားမည်ဖြစ်ပြီး လမ်းပိတ်/ လမ်းလွှဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2022

နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအတွင်း ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်း အသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းအသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် နိုင်ကြောင်းနှင့် ယင်းသို့ သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက် များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက် ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2022

ဂျီနီဗာမြို့၌ ၁၃-၆-၂၀၂၂ မှ ၈-၇-၂၀၂၂ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အကြိမ်(၅၀)မြောက် ပုံမှန်အစည်းအဝေးကာလတွင် မြန်မာနိုင်ငံအတွက် အထောက်အကူမဖြစ်သော ဆွေးနွေးပွဲများစွာ ကျင်းပခဲ့သည်ကို တွေ့ရှိရသည်။ ယင်းဆွေးနွေးပွဲများတွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)မှ တင်သွင်းခဲ့သော ဆုံးဖြတ်ချက် အဆိုအရ ၁၄-၆-၂၀၂၂ ရက်တွင် ကျင်းပခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ နှုတ်ဖြင့် အစီရင်ခံချက်အပေါ် အပြန်အလှန်ဆွေးနွေးပွဲနှင့် ၁၅-၆-၂၀၂ ရက်တွင် ကျင်းပခဲ့သည့် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” မွတ်ဆလင်များနှင့် အခြားလူနည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများ ဖြစ်ပွားစေသည့် အကြောင်းရင်းများ” ခေါင်းစဉ်ပါ ဆွေးနွေးပွဲနှင့် ဥရောပသမဂ္ဂ (အီးယူ)မှ တင်သွင်းခဲ့သော ဆုံးဖြတ်ချက်အဆိုအရ ၂၉-၆-၂၀၂၂ ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ၏နှုတ်ဖြင့် အစီရင်ခံချက်အပေါ် အပြန်အလှန် ဆွေးနွေးပွဲတို့ပါဝင်သည်။ ထို့ပြင် အိုအိုင်စီက တင်သွင်းသော “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့် အရေးအခြေအနေ” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို ၇-၇-၂၀၂၂ ရက်တွင် လူ့အခွင့် အရေးကောင်စီက အတည်ပြုချမှတ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2022

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ(၃၀-၆-၂၀၂၂)

ဆက်လက်ဖတ်ရှုရန်

Jul 08, 2022

၁။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E&P)သည်ကမ်းလွန်လုပ်ကွက်အမှတ် A-1 ဧရိယာတွင် SHWE Phase 2 Development Project အရ Offshore Installation Activities လုပ်ငန်းများအားDivingSupportVessels, LICHT-ENSTEIN ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကို ဖော်ပြသည့် Coordinate များဖြစ်သော

ဆက်လက်ဖတ်ရှုရန်

Jul 08, 2022

၁။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ် M-9 နှင့် လုပ်ကွက်အမှတ် M-3 တို့တွင် Geotechnical Site Sruvey(GTI) and Associated Studies လုပ်ငန်းများအား Survey Vessel:MV.DP2 KEYFIELD HELMS ရေယာဉ်ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သေ

ဆက်လက်ဖတ်ရှုရန်