ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အထူးလိုအပ်သည်ဟုယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားသည့်ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က ကမ်းလှမ်း ဖိတ်ခေါ်ခဲ့သည်။
Jul 24, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jul 24, 2026
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
Jul 24, 2026
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၃ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြရာ ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ညနေပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင်ခန်းမ၌ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့်တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသော PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Jul 24, 2026
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့မွန်လွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ ရွှေဘိုတပ်နယ်မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။
Jul 24, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ၂၀၂၆ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
Jul 24, 2026
Hyundai ASEAN Championship 2026 အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းပါဝင်သည့် အုပ်စု(B)ပွဲစဉ်များအနက် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် မလေးရှားအမျိုးသားဘောလုံးအသင်းတို့၏ အုပ်စုအဆင့်ပွဲစဉ်ကို ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
Jul 24, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ လူကုန်ကူးခံရသူများညွှန်းပို့ချိတ်ဆက်ရေးစင်တာ၌ လူကုန်ကူးခံရသူများ ဆက်သွယ်အကူအညီတောင်းခံမှုများအပေါ် ပေါင်းစပ်ဆောင်ရွက်နေမှု၊ လိုအပ်သည့်အကူအညီများ ချိတ်ဆက်ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Jul 24, 2026
သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင်လာရောက်ပြီး ဝန်ဆောင်မှုရယူမည့် သက်ကြီးပုဂ္ဂိုလ်များအား အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးဝန်ဆောင်မှု၊ အပန်းဖြေအနားယူမှုနှင့် မိမိ၏အသိပညာများ ပြန်လည်ဝေမျှပေးနိုင်မှု၊ ဝါသနာပါရာလုပ်ငန်းများ ဆောင်ရွက်နိုင်မှု စသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားရန်၊ ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများအနေဖြင့် စေတနာ၊ ဝါသနာနှင့် ကရုဏာတို့ဖြင့် သက်ကြီးပုဂ္ဂိုလ်များကို မိမိတို့၏ မိဘဘိုးဘွားများကဲ့သို့ နွေးထွေးစွာပြုစုစောင့်ရှောက်ပေးကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် နေပြည်တော် ကလေးပြုစုစောင့်ရှောက်ရေးဌာန၌ ကျင်းပသည့် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (နေပြည်တော်) ဖွင့်ပွဲတွင် တိုက်တွန်းပြောကြားသည်။
နောက်ဆုံးရသတင်းများ
Jul 24, 2026Latest News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်နှင့
Jul 24, 2026Latest News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်စီးပွားရေးတက္က
Jul 24, 2026Latest News
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍
Jul 24, 2026Latest News
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာက
Jul 24, 2026Latest News
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့မွန်လွဲပိုင်းတွင် စ
ဆောင်းပါးကဏ္ဍ
,
Jul 24, 2026၂၁ ရာစုနှစ်သည် မြို့ပြကမ္ဘာကြီးအဖြစ်သို့ လျင်မြန်စွာကူးပြောင်းလာနေသည့်ခေတ်ကာလဖြစ်ပါသည်။ ကုလသမဂ္ဂ၏ခန့်မှန်းချက်များအရ လက်ရှိတွင် ကမ္ဘာ့လူဦးရေ၏ထက်ဝက်ကျော်သည် မြို့ပြဒေသများ၌ မှီတင်းနေထိုင်လျက်ရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် ယင်းပမာဏသည် ၇၀ ရာခိုင်နှုန်းအထိ တိုးတက်လာတော့မည်ဖြစ်ပါသည်။
Jul 23, 2026မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေးအခင်းအကျင်းတွင် ဒီဂျစ်တယ်နည်းပညာ ဖြစ်ထွန်းတိုးတက်ကူးပြောင်းမှုသည် ကမ္ဘာ့စီးပွားရေဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်လာပါသည်။ ကမ္ဘာ့စီးပွားရေးအပေါ်သက်ရောက်မှုများကလည်း လျင်မြန်လာပြီး နိုင်ငံတိုင်းအတွက် အခွင့်အလမ်းဖြစ်စေနိုင်သလို ခြိမ်းခြောက်မှုအဖြစ်လည်း အသွင်ပြောင်းသွားနိုင်ပါသည်။ ဖြစ်ပေါ်လာသည့် အခွင့်အလမ်းများကို ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အမိအရအသုံးချနိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည်ကိုလည်း မြင်တွေ့နေရပါသည်။
Jul 23, 2026မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဖြစ်သော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းဒေသများသည် သဘာဝအရင်းအမြစ်၊ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များနှင့် မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းများ ဆုံစည်းရာ အချက်အချာမြေဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းနေ ဒေသခံပြည်သူတို့၏ အသက်သွေးကြောဖြစ်သည့် ကုလားတန်မြစ်သည် လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ကုန်စည်စီးဆင်းမှုတို့တွင် မရှိမဖြစ်အားထားရသည့် မိခင်မြစ်ကြီးဖြစ်ပါသည်။
Jul 22, 2026ဟိုတယ်ခန်းမကျယ်ကြီးအတွင်း စုရုံးရောက်ရှိနေသူများက ဆွေးနွေးပွဲစတင်မည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ ခန်းမအတွင်း မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ပညာရှင်များ၊ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်တွင်း/ ပြည်ပကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ စုံလင်စွာ စုရုံးတက်ရောက်ကြသည်။
Jul 21, 2026အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်က ကိုလ်ကတ္တားမြို့မှာ ဟူဂလီမြစ်ကိုဖြတ်ပြီး ဆောက်ထားတဲ့ ကမ္ဘာကျော်သံတံတားကြီးတစ်စင်းရှိတယ်။ “ဟောင်ရာ (Howrah)” လို့ခေါ်တဲ့ အဲဒီတံတားကြီးကို ဆရာမြသန်းတင့် ဘာသာပြန်ခဲ့တဲ့ “သုခမြို့တော်” ဖတ်ဖူးသူတိုင်း သိကြမှာပါ။ ပြောချင်တာက သုခမြို့တော်အကြောင်း မဟုတ်ပါဘူး။ အဲဒီဟောင်ရာတံတားကြီးအကြောင်း။ သံမဏိတန်ချိန်ပေါင်း ၂၆၅၀၀ ကျော်နဲ့ ဒုတိယကမ္ဘာစစ်ကြိုခေတ်မှာ ဆောက်ခဲ့ပြီး နေ့စဉ်လူငါးသိန်းကျော်လောက် ဖြတ်သွားနေကြတဲ့ အဲဒီတံတားကြီးဟာ မဆင်မခြင်ထွေးကြတဲ့ ကွမ်းတံတွေးတွေကြောင့် ပြိုကျသွားနိုင်တဲ့အန္တရာယ် ဖြစ်ခဲ့ဖူးပါတယ်။
Jul 21, 2026မက္ကဒေးမီးယားဟုခေါ်သော အစေ့အဆန်ရရှိသည့်အပင်ကို မြန်မာနိုင်ငံ၌ ဒေသအခေါ်အားဖြင့် ချောကလက်သီးဟူ၍လည်းကောင်း၊ သော့သီးဟူ၍လည်းကောင်း ခေါ်တွင်ကြသည်။ မက္ကဒေးမီးယားအဆန်သည် စားသုံးရာတွင် အနံ့၊ အရသာကောင်းမွန်မှုကြောင့် အကောင်းဆုံးသောအစေ့အဆန်ဖြစ်ပြီး တန်ဖိုးကြီးမြင့်၍ ဈေးကောင်းရရှိနေသော နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပါသည်။
သတင်းဗီဒီယို
24 Jul 26
24 Jul 26
