ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲမှ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အမှတ် (၁) လေ့ကျင့်ရေးကွင်း၌ သက်ဆိုင်ရာအားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ယနေ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူနည်းပြများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Jul 02, 2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများ (ဒုတိယညွှန်ကြားရေးမှူးချုပ်ရာထူး) အတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁) ကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း (Legal Advocacy Center) MOLA Lecture Hall ၌ ဖွင့်လှစ်ရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Jul 02, 2026
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) နှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ကြသည်။
Jul 02, 2026
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ဇမ္ဗူ့ကျက်သရေလမ်းနှင့် ရွှေကြာပင်လမ်းထောင့်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ကွန်တိန်နာအိမ်ရာဝင်းအတွင်း၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
Jul 02, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Jul 02, 2026
အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Jul 02, 2026
၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က စီစဉ်တင်ဆက်သည့် “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ” ဝတ်စားဆင်ယင်မှုပြပွဲနှင့် ရုပ်ရှင်သဘင်ဂီတဖျော်ဖြေပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-I) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။
Jul 02, 2026
မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွသော ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသည်။ ဒေသတွင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်လျက်ရှိသည်။ နိုင်ငံတကာနှင့် မိတ်ဝတ်မပျက်ဆက်ဆံလျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့် အေးအတူပူအမျှ လက်တွဲဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နှင့်အညီ ထိတွေ့ဆက်ဆံထားသည်။ နိုင်ငံတကာဆက်ဆံရေးတွင် ယင်းတို့ကို အခြေခံပြီး ဆက်ဆံလျက်ရှိသောကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်သည် အလွန်ကောင်းမွန်သောအခြေအနေရှိသည်။
Jul 02, 2026
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၄ သန်းရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်းရှိရာ အမျိုးသမီးအချိုးအစား ပိုမိုများပြားသည်။ မြန်မာ့ထုံးတမ်းအစဉ်အလာအရ မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူလူ့အခွင့်အရေးများကို သာတူညီမျှ ရရှိခံစားနေကြရစေကာမူ စာတတ်မြောက်မှု၊ လုပ်သားအင်အားပါဝင်မှုစသည်တို့တွင် အမျိုးသမီးဦးရေသည် အမျိုးသားဦးရေအောက် လျော့နည်းလျက်ရှိသည်။ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများသည် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ကြီးမားသည့်အင်အားဖြစ်သည့်အလျောက် အမျိုးသမီးများ ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အရေးကြီးသည်။
နောက်ဆုံးရသတင်းများ
Jul 02, 2026Latest News
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲမှ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အမှတ် (၁) လေ့ကျင့်ရေးကွင်း၌ သက်ဆိုင်ရာအားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပ
Jul 02, 2026Latest News
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများ (ဒုတိယညွှန်ကြားရေးမှူးချုပ်ရာထူး) အတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁) ကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျေ
Jul 02, 2026Latest News
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) နှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေ
Jul 02, 2026Latest News
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ဇမ္ဗူ့ကျက်သရေလမ်းနှင့် ရွှေကြာပင်လမ်းထောင့်ရှိ ပြည်ထောင်စုတရားလွှ
Jul 02, 2026Latest News
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မ
ဆောင်းပါးကဏ္ဍ
Jul 01, 2026နိုင်ငံတစ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍသည် ထိုနိုင်ငံ၏ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့်ကဏ္ဍအသီးသီးနှင့် ဆက်စပ်နေသကဲ့သို့ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းသာယာဝပြောမှု၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု များအပါအဝင် ပြည်သူတစ်ဦးချင်း၏ စားဝတ်နေရေးတို့နှင့်ပါဆက်စပ်အကျိုးပြုလျက်ရှိနေပါသည်။
Jul 01, 2026အဆွေတော်ထံသို့ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုမှ သာမန်ပြည်သူ တစ်ဦးအနေနဲ့ ဒီအိတ်ဖွင့်ပေးစာကို ရေးသားပေးပို့လိုက်ပါတယ်။ သာမန်ပြည်သူတစ်ဦးအနေနဲ့ ကိုယ့်နိုင်ငံအပေါ် တရားမျှတမှုမရှိစွာ ဖိနှိပ်ခံနေရတာကို မခံချင်လို့ ဒီစာကိုရေးရခြင်းဖြစ်လို့ စကားလုံး အသုံးအနှုန်းတွေမှာ သံတမန်မဆန်ဘဲ ပုဂ္ဂိုလ်ရေး ခံစားချက်များပါနိုင်ကြောင်း ကြိုတင်မေတ္တာရပ်ခံလိုပါတယ်။
Jun 30, 2026ကျွန်တော်၏မိခင်သည် မူလတန်းပြဆရာမတစ်ဦးဖြစ်ပါသည်။ ယခုအခါ အငြိမ်းစားယူပြီး အသက် ၉၅ နှစ်ရှိပြီဖြစ်ပါသည်။ ကျွန်တော်၏မိခင်ဘက်မှ အမျိုးများသည်လည်း အခြေခံပညာ ဆရာ ဆရာမ၊ ကျောင်းအုပ်၊ ပညာရေးမှူးအငြိမ်းစားများဖြစ်ကြပါသည်။ ကျွန်တော်သည် အခြေခံပညာရေးကို များစွာစိတ်ဝင်စားပါသည်။ ကျွန်တော်အထက်တန်းကျောင်းသားဘဝက ရူပဗေဒနှင့် သင်္ချာဘာသာရပ်ကို များစွာစိတ်ဝင်စားခဲ့ပါသည်။ တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း သင်္ချာနှင့် ရူပဗေဒဘာသာရပ်ဂုဏ်ထူးဖြင့် မုံရွာမြို့ အထက (၁) မှ အောင်မြင်ခဲ့ပါသည်။
Jun 30, 2026သစ်တောကြီးများ မီးလောင်ကျွမ်းနေပြီး သစ်ပင်ပေါင်းများစွာ ဥပဒေနှင့်အညီရော ဥပဒေမဲ့ပါ ခုတ်လှဲခံနေရသည်။ ဤအရာများသည် သဘာဝတရား၏အလိုလော သို့မဟုတ် ကျွန်ုပ်တို့လူသားများ၏ ပယောဂလောဟု မေးခွန်းထုတ်စရာရှိလာပါသည်။ တကယ်တော့ လူသားများရှင်သန်နေထိုင်ရန် ထောက်ပံ့ပေးနိုင်စွမ်းရှိသည့် တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည့် ကမ္ဘာမြေကြီးကို ဖျက်ဆီးနေသူများမှာ ကျွန်ုပ်တို့လူသားများပင်ဖြစ်သည်။
Jun 30, 2026ကမ္ဘာ့ရာသီဥတု စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် နှောင်းပိုင်းကနေ ၂၀၂၇ ခုနှစ်အတွင်းမှာ အားကောင်းတဲ့အယ်လ်နီညို (Strong El Niño) ဒါမှမဟုတ် စူပါအယ်လ်နီညို (Super El Niño) ဖြစ်ပေါ်လာနိုင်ခြေရှိနေတယ်လို့ သိရပါတယ်။
Jun 29, 2026ပြတိုက်ဆိုသည်မှာ ရှေးဟောင်းပစ္စည်းများကို စုဆောင်းသိမ်းဆည်းရာ ဂိုဒေါင်တစ်ခုမဟုတ်ပါ။ ပြတိုက်များသည် လူမျိုးတစ်မျိုး၏ ဝိညာဉ်ကိန်းအောင်းရာနေရာ၊ မျိုးဆက်တစ်ခုနှင့်တစ်ခုကို ချိတ်ဆက်ပေးသည့် အသိပညာဗဟိုဌာနနှင့် နိုင်ငံတစ်နိုင်ငံ၏ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်တွင် မြှင့်တင်ပေးသည့် လူသားမျိုးနွယ်တို့၏ ဖြစ်တည်မှုသမိုင်းကြောင်းများပြသရာ ယဉ်ကျေးမှုပြတင်းပေါက်များ ဖြစ်ကြသည်။
