ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ အစည်းအဝေးခန်း၌ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံသည်။
May 09, 2026
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ (၁/၂၀၂၆) ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
May 09, 2026
၂၀၂၆ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးပါမောက္ခဒေါက်တာ အေးထွန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မိတ်ဖက်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ စံပြကြက်ခြေနီများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 09, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ရှိ လွန်ကျော်ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံသို့သွားရောက်၍ ချည်မျှင်ရှည်ဝါသုတေသနစိုက်ခင်း၊ အရည်အသွေးနှင့်အထွက်နှုန်းကောင်းသော ဝါမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နေမှုနှင့်တစ်ပြိုင်တည်းဝါကောက်သိမ်းနိုင်မည့် နည်းစနစ်များ သရုပ်ပြစိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
May 09, 2026
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “နိုင်ငံစီးပွားမြှင့်တင်ဖို့ ရေအားလျှပ်စစ်ကို အသုံးချစို့” မျက်နှာဖုံး ဆောင်းပါးကြီးများပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင် (ဧပြီလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
May 09, 2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)များ ထိန်းသိမ်းထားရှိသည့် နေရာများကို ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။
May 09, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ်အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာ သင်တန်းစင်တာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
May 09, 2026
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
May 09, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
နောက်ဆုံးရသတင်းများ
May 09, 2026Latest News
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ အစည်းအဝေးခန်း၌ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံသည်။
May 09, 2026Latest News
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ (၁/၂၀၂၆) ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွား
May 09, 2026Latest News
၂၀၂၆ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးပါမောက္ခ
May 09, 2026Latest News
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ရှိ လွန်ကျော်ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံသို့သွားရောက်၍ ချည်မျှင်ရှည်ဝါသုတေသနစိုက်ခင
May 09, 2026Latest News
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရ
ဆောင်းပါးကဏ္ဍ
May 09, 2026“ကိုယ်၊ စိတ်၊ ပညာ” သုံးပါးစလုံးတွင် အများထက် ထူးကဲသာလွန်သော အရည်အသွေးရှိပြီး အများအကျိုးကို ဆောင်ရွက်ကြသူများကို လူရည်ချွန်ဟု သတ်မှတ်ကြသည်။ ပညာရေး ထူးချွန်မှု၊ ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု၊ အသိပညာကြွယ်ဝမှု၊ ဖြတ်ထိုးဉာဏ်ရင့်သန်မှုအပါအဝင် ဘက်စုံထူးချွန်သူများလည်းဖြစ်သည်။
May 08, 2026မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများသည် သဘာဝပတ်ဝန်းကျင်၏ နှလုံးသားကဲ့သို့ အသက်ဝင်လျက်ရှိနေပါသည်။ ထိုဒေသများ၏ အသက်မွေးဝမ်းကျောင်းမှု၊ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် လူနေမှုဘဝတို့သည် မြေဆီလွှာဟုခေါ်သော အသက်ရှင်နေသည့် ဇီဝဗေဒဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုအပေါ် အခြေခံ၍တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ဤမြေဆီလွှာသည် ရာသီဥတု၊ အပင်များ၊ မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများနှင့် သဘာဝအခြေအနေများ၏ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်သော သန့်ရှင်းသည့်ဖြစ်စဉ်များဖြင့် ဖွဲ့တည်လာခဲ့သည့် သဘာဝ၏ အံ့ဖွယ်အမွေအနှစ်တစ်ခုဖြစ်ပါသည်။ မြေဆီလွှာသည် အပင်များကြီးထွားနိုင်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်၊ ရေကိုစုပ်ယူနိုင်ရန်နှင့် သဘာဝဓာတ်များပြန်လည်စီးဆင်းစေရန် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။
May 08, 2026နေကြာဆီသည် ကျန်းမာရေးနှင့်ညီညွတ်သော မပြည့်ဝဆီဖြစ်သည့်အတွက် ကျွန်တော်တို့မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးသူဈေးကွက်တွင် လူကြိုက်များလာသည်ကို တွေ့ရှိရသည်။ ဈေးကွက်အတွင်း ရောင်းချနေသော နေကြာဆီများသည် ယေဘုယျအားဖြင့် နေကြာဆီအသစ်များပေါ်သည့်အချိန်တွင်သာ ဈေးနှုန်းအနည်းငယ်ကျဆင်းတတ်ပြီး သာမန်အားဖြင့် နေကြာဆီ ၁ ပိဿာလျှင် ငွေကျပ် ၂ သောင်းမှ ၂ သောင်းခွဲ ဝန်းကျင်ခန့်အထိရှိကြောင်း တွေ့ရှိရသည်။
May 07, 2026သတင်းစာတစ်စောင်ကို ဖတ်လိုက်ရခြင်းသည် ကိုယ့်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအနှံ့၌ အဓိကဖြစ်ပျက်ပြောင်းလဲနေမှုများကို အိမ်မှနေ၍ ထိုင်ကြည့်နေရသည့် ကြေးမုံမှန်ချပ်တစ်ချပ်ကို ကြည့်နေရသလို ဖြစ်ပါသည်။
May 07, 2026“အချို့အခြေခံပညာကျောင်းများသည် သတ်မှတ်ထားသည့်အဆင့်အလိုက် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိကြသည်ကို တွေ့ရကြောင်း အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အားကစားပြုလုပ်နိုင်ရန်အတွက် နေရာများရှိရန်လိုကြောင်း၊ အခြေခံပညာကျောင်းများအားလုံး သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ပြင်ဆင်ဆောင်ရွက်ပေးသွားကြရမည်။”
May 07, 2026ယနေ့အချိန်ခါမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနဲ့တစ်ဝှမ်း ကြည်လင်ပြာလွင့်နေတဲ့ ကောင်းကင်ပြာကြီးဟာ တစ်စတစ်စ မှေးမှိန်လာနေပြီ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့လေကို ရှူရှိုက်ခွင့်ရမယ့်အစား တောမီးလောင်ကျွမ်းမှုတွေ၊ စိုက်ပျိုးရေးသုံးစွန့်ပစ်ပစ္စည်းတွေနဲ့ အမှိုက်တွေ မီးရှို့မှုကနေ ထွက်ပေါ် လာတဲ့ အဆိပ်သင့်စေတဲ့ ဖုန်မှုန့်တွေနဲ့ မီးခိုးမြူငွေ့တွေကိုသာ ရှူရှိုက်နေရပြီး ဒါက လူသားတွေရဲ့ အသက်ရှင်သန်နေထိုင်မှုဘဝတွေကို များစွာအန္တရာယ်ပေးလျက်ရှိနေပါတယ်။ ဒီလေထုညစ်ညမ်းမှုပြဿနာဟာ ဒေသတစ်ခုတည်း၊ မြို့တစ်မြို့တည်းမှာသာ သီးခြားဖြစ်ပေါ်နေတဲ့ကိစ္စရပ်မဟုတ်ဘဲ ကမ္ဘာနဲ့တစ်ဝှမ်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပြီဖြစ်ပါတယ်။
