(၇၉) နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကုသိုလ်ပြုဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အမျှပေးဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ နေပြည်တော်ကောင်စီရုံးဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
