မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များသည်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရေးတို့ကို စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
Mar 11, 2026
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံကကြီးမှူး၍ ၂၀၂၆ ခုနှစ် မတ် ၃ ရက်မှ ၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ Makati မြို့၌ ကျင်းပခဲ့သည့် (၃၅) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးများအဆင့် အစည်းအဝေး (The 35th Meeting of the ASEAN Socio-Cultural Comm-unity (ASCC) Council) သို့ တက်ရောက်ခဲ့သည်။
Mar 11, 2026
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ (၁၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများတွင် ဖွင့်လှစ်သည့်သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကော်မရှင်ရုံးဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများအတွက် ကံစမ်းမဲဖောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကော်မရှင်ရုံး စုပေါင်းခန်းမ၌ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Mar 11, 2026
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် ရန်ကုန်မြို့အခြေစိုက် သီရိလင်္ကာသံအမတ်ကြီး H.E. Ms. Prabashini Ponnamperuma အား ယနေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) နေပြည်တော် ၌ လက်ခံတွေ့ဆုံသည်။
Mar 11, 2026
မြန်မာနိုင်ငံ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းကိုပြန်ကြည့်ပါက အကြောင်းအမျိုးမျိုးဖြင့် အတန်းပညာရေး၊ အတတ်ပညာသင်ကြားရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အတန်းပညာအားနည်းပါက အတတ်ပညာ၊ အသိပညာအားနည်းမှုများဖြစ်ပေါ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နှောင့်နှေးမှုများဖြစ်ပေါ်စေသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်ရေး အတန်းပညာများကို စဉ်ဆက်မပြတ် မြှင့်တင်ပေးရန် လိုအပ်မည်ဖြစ်သည်။
Mar 11, 2026
ဤကမ္ဘာမြေပေါ်တွင် အပင်နှင့်သတ္တဝါတို့ မျိုးမပြတ်ဘဲ ရှင်သန်ရပ်တည်နိုင်ရန် ကျန်းမာသန်စွမ်းကြဖို့လိုသည်။ အသန်မာဆုံးသည်သာ အရှည်ကြာဆုံးရပ်တည်နိုင်ခြင်း (Survival of the fittest) ဟူသော သဘာဝ၏ရွေးချယ်မှုအရ ကြံ့ခိုင်သန်စွမ်းမှုမရှိသော ဇီဝမျိုးစိတ်တို့မှာ ကမ္ဘာမြေပေါ်မှ ထာဝရပျောက်ကွယ်သွားကြရသည်။ နိုင်ငံတို့၏ သဘောမှာလည်း အဆိုပါ သက်ရှိဇီဝတို့၏ သဘောကဲ့သို့ပင် ကမ္ဘာမြေပေါ်တွင် ကြာရှည်စွာတည်ရှိနိုင်ရန် တန်ခိုးအင်အားကြီးဖို့လိုသည်။
Mar 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်သည့် ရုရှားရေတပ်မှ စစ်ရေယာဉ် ၃ စီးတို့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော် (ရေ) မှအရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက် ကြသည်။
Mar 10, 2026
ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း
Mar 10, 2026
ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း
နောက်ဆုံးရသတင်းများ
Mar 11, 2026Latest News
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင
Mar 11, 2026Latest News
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံကကြီးမှူး၍ ၂၀၂၆ ခုနှစ် မတ် ၃ ရက်မှ ၇ ရက်အထိ ဖိလစ်ပိုင်နို
Mar 11, 2026Latest News
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ (၁၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများတွင် ဖွင့်လှစ်သည့်သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့်
Mar 11, 2026Latest News
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် ရန်ကုန်မြို့အခြေစိုက် သီရိလင်္ကာသံအမတ်ကြီး H.E. Ms. Prabashini Ponnamperuma အား ယနေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်
Mar 11, 2026Latest News
မြန်မာနိုင်ငံ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းကိုပြန်ကြည့်ပါက အကြောင်းအမျိုးမျိုးဖြင့် အတန်းပညာရေး၊ အတတ်ပညာသင်ကြားရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အတန်းပညာအားနည်းပါက အတတ်ပညာ၊ အသိပညာအားနည်းမှုမျ
ဆောင်းပါးကဏ္ဍ
Mar 11, 2026လက်ရှိ ဖြစ်ပွားနေတဲ့ အီရန် - အမေရိကန် - အစ္စရေး စစ်ပွဲက ဒုတိယအပတ်ထဲကို ရောက်ရှိခဲ့ပါပြီ။ ဒါပေမယ့် စစ်ပွဲမှာ အပြန်အလှန်တိုက်ခိုက်နေကြတဲ့ ခေါင်းဆောင်အားလုံးက စေ့စပ်ဆွေးနွေးပြီး စစ်ကိုပြေငြိမ်းဖို့ ဆန္ဒရှိဟန်မတူသေးပါဘူး။ မတူသော အကျိုးစီးပွားတွေ အားပြိုင်မှုကနေ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အလုံးစုံပျက်စီးစေဖို့အထိ၊ ခေါင်းဆောင်တွေကို သတ်ဖြတ်ပစ်တဲ့အထိ အခြေအနေတွေက ထိန်းမနိုင်သိမ်းမရ တင်းမာနေဆဲဖြစ်ပါတယ်။ ဒီအခြေအနေမှာ နှစ်ဖက်ရေနံချက်စက်ရုံ သိုလှောင်ကန်တွေ၊ ရေနံသန့်စင်စက်ရုံတွေကို အပြင်းအထန်ဗုံးကြဲပစ်ခတ်ကြခြင်းဖြင့် တကယ့်စွမ်းအင်စစ်ပွဲ အသွင်တစ်ရပ်ဆီကို ရောက်ရှိခဲ့ရပါပြီ။
Mar 11, 2026တတိယမြောက်ရွေးချယ်စရာလမ်းကြောင်းကတော့ အစိုးရဝန်ထမ်းအဖြစ် မလုပ်ကိုင်လိုဘဲ ပြည်တွင်း၊ ပြည်ပပုဂ္ဂလိကကဏ္ဍတွေမှာ ဝင်ရောက်လုပ်ကိုင်လိုသူတွေအတွက် အလုပ်သမားဝန်ကြီးဌာနက ချိတ်ဆက်ဆောင်ရွက်ပေးမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ပူးပေါင်းပြီး စစ်မှုထမ်းတာဝန်ပြီးဆုံးသူတွေကို ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ ဦးစားပေးခန့်အပ်သွားမှာ ဖြစ်ပါတယ်။
Mar 10, 2026တစ်လောက စာရေးဆရာ ဒေါက်တာအက်ဒ်ဝပ်ဒီဘိုနို (Edward de Bono) ရေးသည့်စာအုပ်တစ်အုပ်ကို အီးဘုတ်ခ်အဖြစ် ဖတ်ရှုလိုက်ရသည်။ စာအုပ်အမည်က Six Frames: For Thinking about Information ဆိုသည့်စာအုပ်ဖြစ်သည်။ မြန်မာဘာသာဖြင့် “သတင်းအချက်အလက်များအကြောင်း စဉ်းစားတွေးခေါ်ရန် ဘောင်ခြောက်ခု” ဟု တိုက်ရိုက်ပြန်ဆိုနိုင်သည်။
Mar 10, 2026မိုဘိုင်းစက်ပစ္စည်းတစ်ခုချင်းစီအတွက် သီးသန့်သတ်မှတ်ထားသည့် နံပါတ်စဉ်ဖြစ်သော IMEI သည် ယနေ့ခေတ် ဒစ်ဂျစ်တယ်ကမ္ဘာတွင် အလွန်အရေးပါလှပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်းလုံခြုံရေးနှင့် တရားဝင်ဖြစ်မှုမှစ၍ အခြားနိုင်ငံ၏ မိုဘိုင်းကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်သည့်နည်းပညာ (နိုင်ငံတကာ Roaming) ကို အသုံးပြုနိုင်ရန်အထိ IMEI သည် မိုဘိုင်းနည်းပညာတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေပါသည်။
Mar 10, 2026ဒီမိုကရေစီကျင့်သုံးသော နိုင်ငံများတွင် အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပါသည်။ ထိုအချုပ်အခြာအာဏာကို နိုင်ငံသားများက ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များ (Members of Parliament) က ခံယူကျင့်သုံးကြပါသည်။
Mar 10, 2026နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့အတွက် နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခြင်းဟာ အလွန်မွန်မြတ်တဲ့ အမျိုးသားရေး တာဝန်တစ်ရပ်ပဲဖြစ်ပါတယ်။ ဒီလိုဂုဏ်ယူဖွယ်ကောင်းတဲ့ အမျိုးသားရေးတာဝန်ကို အသက်အရွယ်အရ အကျုံးဝင်သူတွေ တာဝန်သိစိတ်နဲ့ ထမ်းဆောင်ခွင့်ရရှိစေဖို့အတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပါတယ်။
