၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
Nov 19, 2025
၁။ Safe Migration Facebook Page တွင် အလုပ်သမားရေးရာသတင်းအချက်အလက်များအား ဖြန့်ဝေလျက်ရှိပြီး လက်ရှိတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card - OWIC) ပြုလုပ်ခွင့်ပြုသည့်စာရင်းများ၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်ပြုသည့် စာရင်းများအား Safe Migration Telegram Channel မှ စဉ်ဆက်မပြတ် ကြေညာပေးလျက်ရှိပါသည်။
Nov 19, 2025
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် လေးအိမ်စုကျေးရွာသို့ ရောက်ရှိကြရာ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
Nov 19, 2025
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် တရားမဝင် ဝင်/ထွက်သွားလာမှု လျော့နည်းပပျောက်ရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် အဖွဲ့ဝင်များနှင့်အတူ နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောလေ့လာရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။
Nov 19, 2025
အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ကျင်းပသည်။
Nov 19, 2025
“နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များ၏ ခေတ်သစ်တိုးတက်မှုလမ်းကြောင်းသို့ ဦးတည်ခြင်း - စဉ်ဆက်မပြတ်သော၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု၏ အယူအဆကို ထည့်သွင်းခြင်း” ဒေသတွင်းအဆင့် မူဝါဒပိုင်းဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ MGALLERY ဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Nov 19, 2025
ဒီနေ့ ကျွန်တော်တို့ မိဘပြည်သူများနှင့် မီဒီယာများကို အသိပေးပြောကြားလိုတာကတော့ မြဝတီဒေသမှာ ပြုလုပ်နေတဲ့ Online လောင်းကစားမှုတိုက်ဖျက်ချေမှုန်းရေးကိစ္စတွေ၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေမှုကိစ္စတွေကို ပြောလိုပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်မှာပဲ မြဝတီမြို့ရဲ့မြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်နယ်မြေကို ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ ပထမဦးစွာ အဲဒီထဲမှာရှိနေတဲ့ ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံသုံးလုံးကို အရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။
Nov 19, 2025
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Great Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် KARRY ELEPHANT EV X5 နှင့် KARRY COWFISH EV E5 အမျိုးအစား လျှပ်စစ် သုံးမော်တော်ယာဉ်များ ၊ Tharaphu Soe Myint Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် CHANGAN DEEPAL S7 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် နိုဝင်ဘာ ၁၇ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
Nov 19, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်(၂၀၂၅ ခုနှစ်အောင်) (ပထမနှစ်ဝက်) သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်းများကို (၁၇-၁၁-၂၀၂၅) ရက် (တနင်္လာနေ့)မှစ၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅) ရက် (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးရသတင်းများ
Nov 19, 2025Latest News
၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
Nov 19, 2025Latest News
၁။ Safe Migration Facebook Page တွင် အလုပ်သမားရေးရာသတင်းအချက်အလက်များအား ဖြန့်ဝေလျက်ရှိပြီး လက်ရှိတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သ
Nov 19, 2025Latest News
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊
Nov 19, 2025Latest News
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် တရားမဝင် ဝင်/ထွက်သွားလာမှု လျော့နည်းပပျောက်ရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေးစသည့် ရည်ရွယ်ချက်များဖ
Nov 19, 2025Latest News
အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ကျင်းပသည်။
ဆောင်းပါးကဏ္ဍ
Nov 18, 2025ဘီဘီစီ (BBC) ဆိုတာကို တချို့က ‘‘ဗြိတိသျှ ပျင်းစရာကော်ပိုရေးရှင်း’’ (British Boring Cor-poration)လို့ ခေါ်ကြတယ်။ တချို့ကျတော့လည်း ‘‘ဗြိတိသျှ အလိမ်အညာကော်ပိုရေးရှင်း’’ (British Bullshit Corporation) လို့ ဆိုကြတာပေါ့။ ကြိုက်တာရွေးခေါ်လိုက်၊ ဘယ်လိုပဲခေါ်ခေါ် အဲဒီပေါက်ပန်းလေးဆယ် အလိမ်အညာ သတင်းဖြန့်တဲ့ ကော်ပိုရေးရှင်းကတော့ အတူတူပဲ။
Nov 17, 2025ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Nov 17, 2025မိတ်ဆွေ…. ယနေ့ စာများများဖတ်ဖြစ်ပါသလား။ ဒီမေးခွန်းလေးကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။ ဖုန်းထဲက သတင်းခေါင်းစဉ်တွေ၊ လူမှုကွန်ရက်က status တွေကို ဖတ်တာမျိုးမဟုတ်ဘဲ၊ စာအုပ်တစ်အုပ်ကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုခဲ့သည့် နောက်ဆုံးအချိန်က မည်မျှရှိပြီလဲ။
Nov 17, 2025ယုန်နဲ့ မြေခွေးက ငါးကြင်းတစ်ကောင်ရလာတယ်။ ငါးကို ဘယ်လိုခွဲဝေယူရမှန်းမသိဘူး။ ဒီလိုအခြေအနေမှာ ခြင်္သေ့တစ်ကောင်ရောက်လာပြီး သူစီမံပေးမယ်ဟုဆိုကာ ရော့မင်းက ခေါင်းပိုင်းယူ၊ ရော့မင်းက အမြီးပိုင်းယူ၊ ငါကတော့ စီမံခန့်ခွဲပေးရတဲ့သူဆိုတော့ အလယ်ပိုင်းယူမယ်ဆိုပြီး (Lion Share) အကောင်းဆုံးဝေဆုကို ယူသွားတယ်။
Nov 17, 2025BBC လို့ ကမ္ဘာတစ်ခွင်ကျော်ကြားတဲ့ သတင်းဌာနကြီး မဟာအရှက်တော်ကွဲရတဲ့ဖြစ်ရပ်ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကဖြစ်ခဲ့ပြီး အခုချိန်ထိ ဂယက်ရိုက်နေဆဲပါ။ “ဘက်လိုက်မှုမရှိဘဲ ကွဲပြားခြားနားတဲ့ အတွေးအမြင်အစုံစုံ၊ အဓိကကျတဲ့ ရှုထောင့်တွေကနေ လေ့လာဆန်းစစ်ချက်တွေနဲ့ ဝေဝေဆာဆာ တင်ဆက်ပေးနေတာပါ။”လို့ အမြဲတမ်းဆိုလေ့ရှိတဲ့ BBC သတင်းဌာနရဲ့ ဘက်လိုက်မှုနဲ့ သတင်းကို ရည်ရွယ်ချက်ရှိရှိ လိုသလိုဖြတ်ညှပ်ကပ်ပုံဖျက်ထုတ်လွှင့်ဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး သတင်းပေါက်ကြားခဲ့ရာကနေ ပြစ်တင်ရှုတ်ချမှုတွေ၊ ဝေဖန်တိုက်ခိုက်မှုတွေကို တနင့်တပိုးကြီး ခံစားခဲ့ရပြီးနောက် BBC ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေဗီနဲ့ သတင်းဌာန အမှုဆောင်အရာရှိချုပ် ဒီဘိုရာတန်းနက်စ်တို့ နုတ်ထွက်သွားခဲ့ကြရတာ ဖြစ်ပါတယ်။
Nov 16, 2025ပညာအရည်အချင်းမလို၊ သက်မွေးမှု အတတ်ပညာမလို၊ ပင်ပင်ပန်းပန်း လုပ်စရာမလိုဆိုသည့် အလုပ်ခေါ်စာများ၏ နောက်ကွယ်၊ ဖုန်းမဲပေါက်ပါသည်၊ အဲကွန်းမဲပေါက်ပါသည်ဟုဆိုသော မက်လုံးမဲများ၏ နောက်ကွယ်၊ ချောမောလှပသည့် ရုပ်ရည်အသွင် အပြင်ကို လူမှုမီဒီယာတွင် ဖော်ပြထားပြီး ချိုသာ သော စကားလုံးများဖြင့် ဆွဲဆောင်မှု၏နောက်ကွယ်၊ အွန်လိုင်းလောင်းကစားအမျိုးမျိုး၏ နောက်ကွယ်တွင် ရှုပ်ထွေးပွေလီစွာ လိမ်ညာလှည့်ဖြားမည့် ဇာတ်လမ်းများစွာ ရှိနေသည်။
