ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါတိုင်းတာမှတ် (၃) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကိုအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆) မျိုးကို (၂၄) နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။
May 15, 2026
(၁၀၉) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ကျင်းပရာ ပညာရှင်များက “သီးနှံ အထွက်နှုန်းအား မထိခိုက်စေသည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်မည့် နည်းလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
May 15, 2026
တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရုံးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် နိုင်ငံ့အကျိုးကြိုးစားဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
May 15, 2026
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နန်းရှေ့ရှိ အနုပညာဦးစီးဌာနဝင်းအတွင်း ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြန်လည်ပြုပြင် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
May 15, 2026
စာပေနှင့် အနုပညာမူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများစာအုပ်နှင့် အနှစ်ချုပ်စာအုပ်တို့ကိုစိစစ်၍ လမ်းညွှန်မှုပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများ စာအုပ်ပြုစုရေးလုပ်ငန်းအဖွဲ့ဝင်တို့၏ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမ၌ Online & In person Hybrid System စနစ်ဖြင့် ကျင်းပသည်။
May 15, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၆၅/၁)ရှိ အရှည်ပေ ၉၀၀ ဆွာချောင်းတံတား (အပြန်လမ်း) အသစ်တည်ဆောက်ပြီးစီးသဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ပြုနေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုသည်။
May 15, 2026
ကျန်းမာရေးဝန်ကြီးဌာနက အစိုးရသစ်၏ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်မည့်စီမံကိန်းတစ်ခုဖြစ်သည့် နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်စတင်ကြောင်း အသိပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ စီမံချက်ဆောင်ရွက်မည့် ဆေးရုံများမှ ပါမောက္ခများ တက်ရောက်ကြသည်။
May 15, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းမောင်သည် ပျဉ်းမနားခရိုင်အတွင်းရှိ ကယန်း၊ ကရင်ဖြူနှင့် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
May 15, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander Azizov အား ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
နောက်ဆုံးရသတင်းများ
May 15, 2026Latest News
ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါတိုင်းတာမှတ် (၃) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car)၊ Compact Air Quality Moni
May 15, 2026Latest News
(၁၀၉) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ကျင်းပရာ ပညာရှင်များက “သီးနှံ အထွက်နှုန်းအား မထိခိုက်စေသည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်မည
May 15, 2026Latest News
တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရုံးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် န
May 15, 2026Latest News
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နန်းရှေ့ရှိ အနုပညာဦးစီးဌာနဝင်းအတွင်း ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြန်လည်ပြုပြင် ပြီး
May 15, 2026Latest News
စာပေနှင့် အနုပညာမူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများစာအုပ်နှင့် အနှစ်ချုပ်စာအုပ်တို့ကိုစိစစ်၍ လမ်းညွှန်မှုပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် စာပေနှင့် အနုပညာမူပ
ဆောင်းပါးကဏ္ဍ
May 14, 2026အာဂျင်တီးနားနိုင်ငံ၊ အူဆွားရာ (Ushuaia) ဆိပ်ကမ်းမှ (၁-၄-၂၀၂၆)ရက်နေ့တွင် ထွက်ခွာခဲ့သည့် နယ်သာလန်နိုင်ငံ အလံလွှင့်ထူထားသော အမ်ဗွီဟွန်ဒီယက်ဇ် (MV Hondius) အပျော်စီး သင်္ဘောခရီးစဉ်တွင် လိုက်ပါလာသည့်ခရီးသည်အချို့၌ ဖျားနာခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် အဆုတ်ရောင်လက္ခဏာများ ပေါ်ပေါက်ခံစားရလာခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်းနှင့် အဆိုပါရောဂါ လက္ခဏာများသည် ဟန်းတာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါလက္ခဏာစု (Hantavirus Pulmonary Syndrome-HPS)နှင့် ဆင်တူသဖြင့် ဓာတ်ခွဲစစ်ဆေးကြည့်ရာ ဟန်းတာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။ အဆိုပါသင်္ဘောပေါ်တွင် (၈-၅-၂ဝ၂၆) ရက်နေ့အထိ ဟန်းတာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားသူ ရှစ်ဦးရှိခဲ့ပြီး ၎င်းတို့အနက် အသက်(၇၀)အရွယ် ဒတ်ခ်ျလူမျိုးအမျိုးသားတစ်ဦး၊ ၎င်း၏ဇနီးနှင့် ဂျာမန်လူမျိုးအမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦးသည် ရောဂါကြောင့်သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
May 14, 2026သဘာဝကပေးသည့် အစားအစာများတွင် ထူးခြားသည့်အာဟာရဓာတ်များ ပေါများစွာပါဝင်ပြီး လူသားတို့၏ ကျန်းမာရေးအပေါ် ကြီးမားသောအကျိုးရလဒ်များဖြစ်ပေါ်စေသည့်အတွက် မှို သို့မဟုတ် သဘာဝကပေးသည့် ထူးခြားသောလက်ဆောင်အကြောင်း ကျန်းမာရေးရှုထောင့်အရ သိကောင်းစရာများကို ရေးသားတင်ပြလိုက်ရပါသည်။
May 14, 2026၂၀၂၆ ခုနှစ် မေလ ၈ ရက်နေ့မှာ အမေရိကန်အစိုးရဟာ ကမ္ဘာတစ်ဝန်းစိတ်ဝင်စားနေတဲ့ UAP (Unidentified Anomalous Phenomena) ခေါ် UFO နဲ့ပတ်သက်တဲ့ လျှို့ဝှက်ဖိုင်ပေါင်း ၁၆၀ ကျော်ကို ပထမဆုံးအကြိမ်အဖြစ် တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၆ ခုနှစ် UAP ပွင့်လင်းမြင်သာမှုဆိုင်ရာဥပဒေ (UAP Disclosure Act 2026) အရ ဆောင်ရွက်ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန (Department of War) က war.gov/ufo ဆိုတဲ့ Portal မှတစ်ဆင့် ပထမဆုံးအသုတ် (Tranche 1) အနေနဲ့ ချပြခဲ့ခြင်းဖြစ်ပါတယ်။
May 13, 2026၂၀၂၆ ခုနှစ် မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ပါသည်။
May 13, 2026ပဲပုပ်သည် နိုင်ငံအတွင်းထွက်ရှိသော ပဲမျိုးစုံသီးနှံများအနက် ပြည်ပနိုင်ငံ (အထူးသဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံ)များသို့ တင်ပို့ရောင်းချပြီး နိုင်ငံခြားငွေ အများဆုံးရှာဖွေပေးနေသော သီးနှံတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသော ပဲမျိုးစုံသီးနှံများတွင် ပဲပုပ်သည် မြေပဲကဲ့သို့ စားသုံးဆီထုတ်လုပ်နိုင်သည့် သီးနှံတစ်မျိုးဖြစ်သည်။ ပဲပုပ်ကို အထွက်တိုးအောင် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ပါက ပြည်တွင်းစားသုံးဆီဖူလုံမှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်ကို လေ့လာချက်များအရ တွေ့ရှိရသည်။ ထို့အပြင် ပဲပုပ်ကြိတ်ဖတ်ကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် တောင်သူဦးကြီးများ ဝင်ငွေတိုးတက်မြင့်မားရေးအတွက် များစွာအထောက်အကူပြုမည့်သီးနှံလည်း ဖြစ်ပါသည်။
May 12, 2026ဂျုံသည် ကမ္ဘာ့နိုင်ငံအသီးသီးက စားသုံးကြသော သီးနှံတစ်မျိုးဖြစ်သည်။ ထို့ပြင် လူတို့အဓိကစားသုံးသော သီးနှံသုံးမျိုးရှိပြီးဂျုံမှာ လူအများစားသုံးမှု အများဆုံးသီးနှံသုံးမျိုးအနက် တစ်ခုအပါအဝင် ဖြစ်သည်။
