ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် ပြည်ထောင်စုအစိုးရ အဖွဲ့က ပေးပို့လာသော ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲကို MRTV မှ အပတ်စဉ် သောကြာနေ့ ညတိုင်း ပြသ လျက်ရှိ
မြန်မာ့ရုပ်ရှင်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်း အပုဒ် (၁၀၀)ကို တစ်ပတ်လျှင် (၁၀)ပုဒ်ဖြင့် အပတ်စဉ် သောကြာနေ့ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ည(၈)နာရီသတင်းများအပြီးတွင် ထုတ်လွှင့်လျက်ရှိရာ ဩဂုတ် (၂၈)ရက် ညတွင် ပွဲစဉ်(၄)အဖြစ် စန္ဒရားကိုခင်လှ ၊ စန္ဒရားတင်ကိုကို တေးဂီတ အဖွဲ့နှင့် အတူ တေးသံရှင် ထား၊ ရီရီသန့် ၊ ခင်စိုးဝင်း ၊ စိမ်းလဲ့လဲ့ ၊ သူဇာအောင် ၊ မေသက်ထားဆွေ ၊ တင်ဦးလေး၊ သန်းမြတ်စိုး ၊ မောင်သိန်းဝင်း ၊ကျော်ကျော်ဟန် ၊ဝိုင်းလမင်းအောင်၊ စန္ဒရားတင်ကိုကို တို့ကဖျော်ဖြေ တင်ဆက် ကြမည် ဖြစ်သည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက် နေ့ကျင်းပ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (၁၃) ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီ ကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီ ကန့်သတ် ခြင်းဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ၏ သက်ရောက်မှုကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၁-၈-၂၀၂၀) ရက်နေ့၊ မြန်မာစံတော် ချိန် (၂၃:၅၉) နာရီအထိ တိုးမြှင့် သတ်မှတ်ခဲ့ပါသည်။
ပန်းတဉ်း အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၂၀၀ ကျပ်တန်ရောင်းချပေးမည်
မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းတဉ်း အထိမ်းအမှတ် အထူးထုတ်စာပို့တံ ဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁)မျိုးအား ၂၀၂၀ပြည့်နှစ်၊ သြဂုတ် (၂၈) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင် လဆန်း(၁၀)ရက် (သောကြာနေ့)၊ နံနက် ၉ နာရီမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး ၊ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာ တိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများ တွင် ရောင်းချပေး သွားမည်ဖြစ်သည်။
ကမ္ဘောဇဘဏ်က ရခိုင်ပြည်နယ်သို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းခုနစ်မျိုးနှင့် ငွေကျပ်သိန်း ၃၀၀ အရေးပေါ် ပေးပို့လှူဒါန်း
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများပိုမိုထိရောက်စေရန်အတွက် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အလှူငွေကျပ် သိန်း ၃၀၀ နှင့် အထောက်အကူပြုပစ္စည်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ယနေ့နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ကြောင်း သိရ သည်။
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု ပိုမိုများပြားလာသည့် ရခိုင်ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တပ်မတော်က ဆေးအထောက်အကူပစ္စည်းများ ပေးပို့လှူဒါန်း
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှု ပိုမိုများပြားလာသည့် ရခိုင်ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် အသုံးပြုနိုင်ရန်အတွက် တပ်မတော်က ဆေးအထောက်အကူပစ္စည်းများ ပေးပို့လှူဒါန်းခဲ့ ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ (ပြင်ဆင်သည့်ဥပဒေ၂၀၁၈)နှစ်နှစ်တာကာလ အကောင်အထည်ဖော်မှု ဆိုင်ရာ သုံးသပ်ဆွေးနွေး
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ(ပြင်ဆင်သည့်ဥပဒေ ၂၀၁၈) နှစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော်မှုဆိုင်ရာ သုံးသပ်ဆွေးနွေးသည့်အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လတတိယပတ်က နေပြည်တော် ဟိုတယ်ဇုန် Hotel Max ၌ ပြုလုပ်သည်။
