Skip to main content

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ (ပြင်ဆင်သည့်ဥပဒေ၂၀၁၈)နှစ်နှစ်တာကာလ အကောင်အထည်ဖော်မှု ဆိုင်ရာ သုံးသပ်ဆွေးနွေး

နေပြည်တော် သြဂုတ် ၂၂

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ(ပြင်ဆင်သည့်ဥပဒေ ၂၀၁၈) နှစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော်မှုဆိုင်ရာ သုံးသပ်ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လတတိယပတ်က နေပြည်တော် ဟိုတယ်ဇုန် Hotel Max ၌ ပြုလုပ်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး၊ ဗဟိုမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီဝင် ဦးစောလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြေယာမဏ္ဍိုင်အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးရွှေသိန်းနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အဖွဲ့ငါးဖွဲ့ဖွဲ့၍ ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့် ပြင်ဆင်သည့်ဥပဒေများအရ မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကြုံတွေ့လျက်ရှိသောအခက်အခဲများ၊ စိန်ခေါ်မှုများ၊ ပြဿနာများ၊ ဥပဒေ၊ နည်း ဥပဒေ၏ အားနည်းချက်များနှင့်ပတ်သက်၍လည်းကောင်း၊ ထပ်မံဖြည့်စွက် ပြဋ္ဌာန်းသင့်သည့် အကြောင်းအရာများနှင့်ပတ်သက်၍လည်းကောင်း၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံးရသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဖြည့်ဆည်းပေးသင့်သည့် လိုအပ်ချက်များအားလည်းကောင်း ဆွေးနွေးကြကြောင်း သိရသည်။

သိင်္ခ