Skip to main content

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု ပိုမိုများပြားလာသည့် ရခိုင်ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တပ်မတော်က ဆေးအထောက်အကူပစ္စည်းများ ပေးပို့လှူဒါန်း

နေပြည်တော် ဩဂုတ် ၂၂

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု ပိုမိုများပြားလာသည့် ရခိုင်ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် အသုံးပြုနိုင်ရန်အတွက် တပ်မတော်က ဆေးအထောက်အကူပစ္စည်းများ ပေးပို့လှူဒါန်းခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရခိုင် ပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19) ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ တွေ့ရှိမှုများ ပိုမိုများပြားလာပြီး ဩဂုတ် ၂၀ ရက် နံနက်ပိုင်းအထိ အတည်ပြုလူနာစုစုပေါင်း ၂၂ ဦး တွေ့ရှိရသဖြင့် ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ရခိုင် ပြည်နယ် စစ်တွေမြို့နယ်တွင် နေထိုင်သည့် ပြည်သူ များအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဩဂုတ် ၂၀ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း။

ဩဂုတ် ၂၀ ရက် ညပိုင်းနှင့် ၂၁ ရက်နံနက်ပိုင်း ထုတ်ပြန်ချက်များအရ (COVID-19) ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စစ်တွေမြို့နယ်တွင် ၁၂ ဦးနှင့် မြောက်ဦးမြို့နယ်တွင် ၁ ဦး၊ စုစုပေါင်း ၁၃ ဦး ထပ်မံတွေ့ရှိရသည်ဟု သိရှိရကြောင်း။
ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တပ်မတော်က လှူဒါန်းသော ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုဆေးပစ္စည်းများကို ယမန်နေ့ ညနေပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့ကြောင်း။
ထိုသို့ ပို့ဆောင်ရာတွင် Surgical Mask ခြောက်သိန်း၊ Personal Protective Equipment (PPE) ဝတ်စုံ ၂၅၀၀၊ N95 Mask ၂၅၀၀၊ Goggles ၂၅၀၀၊ Examination Glove ၄၀၀၀၊ Surgical Glove ၃၀၀၀၊ Face Shield ၂၀၀၊ Hand Gel ဘူး ၇၀၀၊ Hand Sanitizer ဘူး ၂၀၀၊ Non Contact Infrared Thermometer ၄၀၊ Bleaching Powder ၁၀ ပုံး၊ Sodium Hypochloride (15 L) ၁၀ ပုံး၊ ဆေးဖျန်းပုံး ငါးပုံး၊ OT Gown အစုံ ၂၀၀၀၊ OT Cap အစုံ ၂၀၀၀၊ Biosafety Cabinet Unit ၁ လုံး နှင့် Test Kit အချောင်း ၂၀၀ တို့ကို နေပြည်တော် လေဆိပ်မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့ကြောင်း။

၎င်းပစ္စည်းများကို စစ်တွေတပ်နယ်မှ ဗိုလ်မှူးကြီး သက်နိုင်ဦးနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ လွှဲပြောင်းလက်ခံရယူပြီး စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်၍ စစ်တွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်က ပေးပို့လှူဒါန်းသော Surgical Mask ငါးသိန်း၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀၀ ၊ N95 Mask ၁၀၀၀ ၊ Goggles ၁၀၀၀၊ Examination Glove ၁၀၀၀၊ Face Shield ၁၀၀၊ Hand Gel ဘူး ၂၀၀ ၊ Non Contact Infrared Thermometer ၂၀ တို့ကို ပေးအပ်လှူဒါန်းရာ စစ်တွေခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း ဖော်ပြထားသည်။

သတင်းစဉ်