Skip to main content

ပြည်သူများ လုံးဝ(လုံးဝ) မပေါ့ကြပါနှင့်

တိုင်းပြည်တွင် ဆောင်ရွက်နေသောအရေးကိစ္စများသည် ပြည်သူအတွက် ဖြစ်ပြီး ပြည်သူအတွက် ဆောင်ရွက်နေသောကိစ္စများ သည်တိုင်းပြည်အတွက် ဖြစ်သည်။ တိုင်းပြည်နှင့်ပြည်သူ အတွက် ဆောင်ရွက်ရာတွင် ပြည်သူသည်သာ အဓိကဖြစ်ပြီး ပြည်သူလူထု တာဝန်သိသိပါဝင်လာခြင်း မရှိပါက တိုင်းပြည် အတွက်လည်းကောင်း၊ ပြည်သူအတွက်လည်းကောင်း ဆောင်ရွက်ချက် များမှာ အချည်းနှီးဖြစ်မည်။ ပြည်သူများသည် တိုင်းပြည်အကျိုးပြု ကိစ္စများတွင် တာဝန်သိစွာဖြင့် ပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံရေးယဉ်ကျေးမှုနှင့် ဓလေ့

ရွေးကောက်ပွဲကျင်းပချိန်နီးလာသည်နှင့်အမျှ နိုင်ငံတွင်း၌ နိုင်ငံရေး ပါတီများ လှုပ်ရှားလာကြ သည်ကို တွေ့မြင်ရပါသည်။ ဒီမိုကရေစီစနစ် တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဆိုသည်နှင့် နိုင်ငံရေး ပါတီများဆိုသည်က အရေးပါသည့် လိုအပ်ချက်များဖြစ်ပါသည်။ အချုပ် အခြာအာဏာကို ပြည်သူလူထုက ပိုင်သည်၊ ပြည်သူလူထု၏ လက်ဝယ် တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်သည်ဟူသည့် ဒီမိုကရေစီ စနစ်၏ အခြေခံမူအရ ထိုအချုပ်အခြာအာဏာ ကို ပြည်သူလူထုက မည်သူ့ ထံကို လွှဲအပ်တာဝန်ပေးမည်ဆိုသည်ကို ရွေးချယ်ဆုံးဖြတ်နိုင်ရန် ရွေးကောက်ပွဲများကျင်းပခြင်းနည်းဖြင့် စီမံပေးရ၏။

မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် မလေးရှားနိုင်ငံရှိ Agensi Perkerjaan Smlh Sdn Bhd အပါအဝင် ကုမ္ပဏီ (၁၀) ခုတွင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၅) ဦးအား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့နှင့် ၎င်းကုမ္ပဏီများ၏ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ ၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိမှုနှင့် ပတ်သက်၍ ပုဂ္ဂလိကပုံနှိပ်လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်အချက်များ တွေ့ဆုံရှင်းလင်း

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား အပ်နှံ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ အသိပေးရှင်းလင်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန စုဝေးခန်းမကြီး၌ ပြုလုပ်သည်။

ရခိုင်ပြည်နယ်တွင် လျင်မြန်စွာကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆွေးနွေးပြီး အရေးပေါ် အခြေအနေအမျိုးမျိုးအတွက် ဆေးရုံများ၌ ဘက်စုံအသင့်ပြင်ဆင်ထားရှိနိုင်ရေးနှင့် စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရေး စားပွဲဝိုင်းလေ့ကျင့်ခန်းပြုလုပ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် လျင်မြန်စွာကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တာဝန် ရှိသူများနှင့် Videoconferencing စနစ်ဖြင့် ဆွေးနွေးသည်။

Sun Outage ဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများ (၃) မိနစ်မှ (၁၈) မိနစ်ခန့်အထိ ပြတ်တောက်မည်

နေ၊ ဂြိုဟ်တုနှင့် TVRO (စလောင်း) တို့ တစ်တန်းတည်း ကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပါသည်။ ယင်းသို့ Sun Outage ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီ ပြတ်တောက်မှုများ ဖြစ်ပေါ် လေ့ရှိပါသည်။

သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မုံရွာမှ ဒုတိယအထွေထွေမန်နေဂျာ ဦးလင်းထင်၊ ရဲအုပ်မျိုးမင်းညွန့်(နုတ်ထွက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာနမှ ဝန်ထမ်းများသည် လုပ်ပိုင်ခွင့် အာဏာကိုစွဲကိုင်၍ အဂတိလိုက်စားမှု ကျူးလွန် နေခြင်း အပေါ် ဖြစ်စဉ်အမှန်ကို ဖော်ထုတ် ပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုင်ရာ၊ မဲဆန္ဒရှင်စာရင်းဆိုင်ရာ၊ မဲရုံများ လျာထား သတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုင်ရာ၊ မဲဆန္ဒရှင် စာရင်းဆိုင်ရာ၊ မဲရုံများ လျာထားသတ်မှတ်ခြင်း ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ကျောက်ဖြူမြို့နယ် ကပ်သပြေကျေးရွာတွင် AA အကြမ်းဖက် သောင်းကျန်းသူ အမာခံ ၃ ဦး ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကပ်သပြေ ကျေးရွာတွင် AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ ၃ ဦး ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
Subscribe to နေပြည်တော်