ပျဉ်းမနား စက်တင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ Corona virus Disease 2019 (COVID-19) ကြိုတင်ကာကွယ် ထိန်းချုပ်ကုသမှုပေးနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြု နိုင်ရန်အတွက် PPE(ဝတ်စုံ)နှင့် နှာခေါင်းစည်း(Face Mask)များကို ယနေ့၊ နံနက်(၁၀)နာရီ က နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ပန်လေးမေမေကုမ္ပဏီမှ PPE ဝတ်စုံ (၃၀)စုံနှင့် နှာခေါင်းစည်း(Face Mask) (၁၀၀၀၀)ခုတို့ကို လှူဒါန်းရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်သည်။
နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်း၊ နေပြည်တော် ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းနှင့် ယခုလှူဒါန်းသည့် PPE(ဝတ်စုံ)နှင့် နှာခေါင်းစည်း(Face Mask) များကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသပေးနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက် စွာ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)